Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်နှင့်လက်ခုပ်တီးသပိတ်​နှောက်ယှက်သူများ၏အမည်စာရင်း​ပေးပို့ကြရန် ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အသံတိတ်သပိတ်နှင့် လက်ခုတ်တီးသပိတ်တို့တွင် ပူးပေါင်းပေးကြရန်နှင့် နှောင့်ယှက်သူများ၏ အမည်များအား ပေးပို့ကြပါရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်နှိုးဆော်သည်။

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပြုလုပ်မည့် အသံတိတ်သပိတ်နှင့်ပတ်သက်၍ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် လာမည့် ဖေဖော်ဝါရီလ (၁)ရက်နေ့သည် မင်းအောင်လှိုင်နှင့်အပေါင်းအပါများက ပြည်သူ့အာဏာကို လုယူခဲ့သည့် တစ်နှစ်ပြည့်သည့်နေ့ ဖြစ်ကြောင်း၊ တစ်နည်းဆိုရသော် ပြည်သူလူထုတစ်ရပ်လုံး စိတ်နှလုံး အေးချမ်းစွာ၊ လုံခြုံစွာ မနေထိုင်ရသည်မှာ လပေါင်း (၁၂)လတိုင်အောင် ရှိပြီဟု သတိပေးနေသော နေ့လည်း ဖြစ်ကြောင်း၊ ထိုနေ့တွင် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်သောအားဖြင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးမှအသံတိတ်သပိတ်နှင့်လက်ခုပ်တီးသပိတ်အား ပြုလုပ်ကြမည် ဖြစ်ပါသည်။

သို့ဖြစ်၍ ဟုမ္မလင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံးနှင့်အတူ ပူးပေါင်းပါဝင်နိုင်ရေးအတွက် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအတွင်း နေအိမ်များ၊ ဆိုင်များ ပိတ်ကြပါရန်၊ ထိုအချိန်အတွင်း လမ်းသွား၊ လမ်းလာ မပြုလုပ်ကြဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း အသွင်ဆောင်ကြပါရန်၊ ညနေ (၄)နာရီမှ (၄)နာရီ (၁၅)မိနစ်အတွင်း အိမ်တိုင်းမှ လက်ခုပ်တီးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်ကြောင်း အသိပေးထားသည်။

ထိုနေ့မတိုင်မီ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံများမှ သပိတ်တွင်မပါဝင်နိုင်ရန် ခြိမ်းခြောက်မှုများ ရှိနိုင်သောကြောင့် အကယ်၍ ခြိမ်းခြောက်မှု ရှိခဲ့ပါက ခြိမ်းခြောက်သည့် လူပုဂ္ဂိုလ်၏ အမည်နှင့် ဌာနကို ကျွန်ုပ်တို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ ပေးပို့ကြပါရန်မေတ္တာရပ်ခံအပ်ကြောင်း၊ ထိုပုဂ္ဂိုလ်များနှင့် ၎င်း၏ အထက်အကြီးအကဲများအား မှတ်သားထားပြီး အရေးတော်ပုံ အောင်သည့်အခါ ပြင်းထန်စွာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

အကြမ်းဖက်စစ်ကောင်စီကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ်သပိတ်မပြုလုပ်နိုင်ရန် ပြည်သူများအား ခြိမ်းခြောက်အကျပ်ကိုင်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး လမ်းပေါ်၌ လူရှိစေရန် တပ်မတော်ထောက်ခံပွဲများ ကျင်းပခိုင်းခြင်း၊ အစိုးရဝန်ထမ်းများအား မွန်းလွဲပိုင်းမှရုံးတက်စေခြင်း၊ စျေးဖွင့်ချိန်များတိုးမြှင့်ခြင်း၊ စက်ဘီးပြိုင်ပွဲ၊ ထမနဲထိုးပွဲများ ကျင်းပစေခြင်းတို့ဖြင့် တိတ်ဆိတ်ခြင်းသပ်တ်ကို ဖျက်ဆီးရန်စီစဥ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

တားမြစ်ကုန်စည်များ ရောင်းချသည့် ဆိုင်များ၊ အခွန်/ဒဏ်ကြေး မထမ်းဆောင်သည့်လုပ်ငန်းများကို အရေးယူမှုများ စတင်နေပြီးဖြစ်ကြောင်းနှင့် နောက်ကျအခွန်/ဒဏ်ကြေးဆောင်သူများသည် ရက်လွန်ကြေးပါ ပေးဆောင်ရမည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

သတင်း

ပြည်သူများအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ တပ်ထိုင်သောနေရာများ၊ လုံခြုံရေးကင်းထိုးသော နေရာများမှ ဝေးဝေးရှောင်ရန် မေတ္တာရှေ့ထား အထူးသတိပေးကြောင်း ဖော်ပြထားသည်။