Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းပေးနေသည့်ရွာကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများဟု ဗိုလ်ပုလဲပြော

တိုက်ပွဲမှာ ယနေ့(ဇန်နဝါရီ ၃၀) ညနေ ၄နာရီ အချိန်မှစတင်ခဲ့ပြီး ပျူစောထီးဘက်မှ အထိအခိုက်များ၍ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကူအဖြစ် ရဟတ်ယာဥ် နှစ်စီးခေါ်ယူခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဥ်နှစ်စီးဖြင့် ပစ်ကူခဲ့ရဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းပေးနေသည့် အင်မထီးရွာကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ မဟာမိတ်များဝင်တိုက်ရာ ထိခိုက်သေဆုံးသူများပြားကြောင်း Pale Jokers PDF မှ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲမှာ ယနေ့(ဇန်နဝါရီ ၃၀) ညနေ ၄နာရီ အချိန်မှစတင်ခဲ့ပြီး ပျူစောထီးဘက်မှ အထိအခိုက်များ၍ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကူအဖြစ် ရဟတ်ယာဥ် နှစ်စီးခေါ်ယူခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီ အင်မထီးရွာက ပျူရွာ ။သင်တန်းပေးနေလို့ ဝင်ဆော်တာ။ ဝင်ဆော်တဲ့အချိန် အင်မထီးရွာမှာ ပျူနဲ့စစ်ခွေး ၅၀ ကျော်လောက်ရှိတယ်။ ရသလောက် ဝင်စီးခဲ့တာ အကုန်မသိမ်းနိုင်ခင်လေးမှာ ရဟတ်ယာဥ်နှစ်စီးရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု ဗိုလ်ပုလဲက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Pale Jokers PDFနှင့်အတူ ကျားသစ်နက်အဖွဲ့ ၊ MRDA ၊ မြိုင်PDFနှင့် PPDG မဟာမိတ်အဖွဲ့တို့က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်ကလည်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မဟာမိတ်တပ်ပေါင်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီးငါးဦးထက် မနည်းသေဆုံးသည်ဟု အောင်ဆန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဦးစီးသည့် ပျူစောထီးသင်တန်းများကို မတက်ရောက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြိမ်ကြိမ်အသိပေးထားပြီး တက်ရောက်သူနှင့် ၎င်း ၏ မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေအဖြစ် တစ်တန်းတည်း သတ်မှတ်၍ အရေးယူမည်ဟု သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။