Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်တွင် ပြည်သူများပါးနပ်စွာပါဝင်ပြီးစစ်​ကောင်စီကိုလက်မ​ခံ​ကြောင်းသက်​သေပြပြီး PDFများကိုခွန်အား​ပေးရန်တိုက်တွန်း

အသံတိတ်သပိတ် (SILENCE STRIKE) တွင် ပါဝင်သူများအား ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်း​ခြောက်ထားပြီး သပိတ် မအောင်မြင်စေရန် နည်းမျိုးစုံ ကြိုးစားနေသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်မည့် “အသံတိတ်သပိတ်” တွင် ပြည်သူများအနေဖြင့် ပါးပါးနပ်နပ်ပါဝင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်မှုကိုမခံကြောင်း သက်သေထပ်ပြပေးခြင်းဖြင့် တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးတပ်သား(PDF)များအား ခွန်အားပေးရန် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းချက်ထုတ်ပြန်သည်။

စစ်ကောင်စီအား လက်နက်စွဲဆိုင်ခုခံတော်လှန်ရေးအားကောင်းသည့်ယောဒေသမှ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၃၀) အထက်ပါအတိုင်း တိုက်တွန်းချက်ထုတ်ပြန်ခြင်းဖြစ်သည်။

“ပြည်သူတွေအနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ “အသံတိတ်သပိတ်” မှာ ပါးပါးနပ်နပ်ပါဝင်တိတ်ဆိတ်ပြီး မတရားလူသတ်အကြမ်းဖက်ကောင်တွေရဲ့အုပ်ချုပ်မှုကိုမခံနိုင်ကြောင်း သက်သေထပ်ပြပေးခြင်းဖြင့် တော်လှန်ရေးရဲဘော်တွေကို ခွန်အားပေးပေးကြပါဦးလို့ နှိုးဆော်တိုက်တွန်းပါတယ်” ဟု ထုတ်ပြန်ထားသည်။

လာမည့်ဖေဖေါ်ဝါရီလ (၁) ရက်နေ့သည့် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့် တစ်နှစ်ပြည့်မည်ဖြစ်ပြီး မတရားမှုကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း အသံတိတ်သပိတ် (SILENCE STRIKE) ကို နိုင်ငံနှင့်အဝှမ်းပြုလုပ်ရန် ပြည်သူလူထုကပြင်ဆင်နေသည်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ် (SILENCE STRIKE) တွင် ပါဝင်သူများအား ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ခြိမ်း​ခြောက်ထားပြီး သပိတ် မအောင်မြင်စေရန် နည်းမျိုးစုံ ကြိုးစားနေသည်။

မတရားမှုကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း အသံတိတ်ပိတ် (SILENCE STRIKE) တွင် ပါဝင်ခြင်းသည်လူသားတိုင်းမွေးရာပါအခွင့်အရေး ဖြစ်သည်ဟုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး လူထုအနေဖြင့် စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ပြသရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook