Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုတိုက်ခိုက်ရန် ပြင်ထားပြီးဖြစ်၍၎င်းတို့နှင့်ဝေးဝေးနေရန် ပြည်သူများအား ရေနံချောင်း PDF ပန်ကြား

မြန်မာနိုင်ငံတွင် အာဏာရူးများမတရားသဖြင့် အာဏာသိမ်းယူထားသည်မှာ ဖေဖော်ဝါရီ ၁ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ယင်းနေ့တွင် ပြည်သူများ ပြုလုပ်မည့် အသံတိတ်သပိတ်ကို စစ်အာဏာရူးများ အနေဖြင့်လွန်စွာ ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်များ ကင်းပတ်ရာလမ်းကြောင်းနှင့် စစ်ဆေးရာ နေရာအချို့၌ ပေါက်ကွဲအားပြင်းသော ဖောက်ခွဲရေး ပစ္စည်းများ၊ မိုင်းများ ဆင်ထားသည်ဖြစ်၍ အာဏာရူးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးရှောင်နေကြရန်နှင့် မလိုအပ်ဘဲ အပြင်သို့ မထွက်ရန်ပန်ကြားကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ရေနံချောင်း PDFနှင့်အတူ Ranger of Tropical Land (ROTL) တို့ ပူးပေါင်းပြီး ယနေ့(ဇန်နဝါရီ ၃၁ရက်) ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာရူးများမတရားသဖြင့် အာဏာသိမ်းယူထားသည်မှာ ဖေဖော်ဝါရီ ၁ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ယင်းနေ့တွင် ပြည်သူများ ပြုလုပ်မည့် အသံတိတ်သပိတ်ကို စစ်အာဏာရူးများ အနေဖြင့်လွန်စွာ ကြောက်ရွံ့နေသည်မှာ သိသာထင်ရှားကြောင်း ဖော်ပြထားသည်။

ပြည်သူများပိုင်သည့် စျေးဆိုင်များ၊ ဆိုင်ခန်းများကို မတရားသဖြင့် ခြိမ်းခြောက်ဖွင့်ခိုင်းခြင်းကြောင့် ပြည်သူများအနေဖြင့် မလွှဲမရှောင်သာ ဖွင့်လှစ်ရခြင်းကို သိရှိကြောင်း၊ စျေး၊ ဆိုင်ခန်းများပုံမှန်အတိုင်း ဖွင့်လှစ်ထားသော်လည်း ပြည်သူများအနေဖြင့် နံနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း မလိုအပ်ပါက အပြင်သို့ မထွက်ရန် စားသောက်ကုန်များကို ကြိုတင်ဝယ်ယူထားကြရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။