Connect with us

Hi, what are you looking for?

News

ဖာပွန်မှာရှိတဲ့ စစ်ကောင်စီဝန်ထမ်းအချို့ နေရပ်စပြန်

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ ဖာပွန်မြို့ဟာ အရင်ကတည်းက ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်မှုနယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို လက်ခံသွားမှာမဟုတ်ပဲ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ဆောင်သွားကြဖို့ အသိပေးပြောကြားသေးတာပါ။

ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီဝန်ထမ်းတွေအနေနဲ့ ၁၀ ရက်အတွင်း ဖာပွန်ကနေထွက်ခွာပေးဖို့ KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်လိုက်ပြီးတဲ့နောက် ဝန်ထမ်းအချို့ နေရပြန်နေကြတာရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖာပွန်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေအားလုံးအနေနဲ့ ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၁၀ ရက်အတွင်း ရေလမ်းခရီးနဲ့ မြို့ကနေထွက်ခွာကြဖို့၊ မြို့ခံဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ခြင်းကနေ မပြုလုပ်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်စွဲနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်ကြေငြာခဲ့တာပါ။

ဒါဟာ တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖို့အတွက်ဖြစ်ပြီး ထုတ်ပြန်ကြေညာချက်ကို မလိုက်နာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ KNLA တပ်မဟာ ၅ က ဆိုထားပါတယ်။

ဒီလို KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်ကြေငြာခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်ပိုင်းမှာ ဖာပွန်မြို့က ဝန်ထမ်းအချို့ ပြန်ထွက်ခွာတာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရေလမ်းကနေမဟုတ်ဘူး။ ဘီးလင်းလမ်းကနေ သွားကြတယ်။ ဖာပွန်-ဘီးလင်းလမ်းပေ့ါ။ ကားသုံးစီးနဲ့ ပစ္စည်းတွေရော လူတွေရော။ ဝန်ထမ်းတွေအများဆုံးပေါ့။ တချို့လည်းအောက်ဘက်မှာ သူတို့ရဲ့ဆွေမျိုးရှိတဲ့လူတွေပေါ့” လို့ ဖာပွန်-ဘီးလင်းလမ်းမှာ မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ ဖာပွန်မြို့ဟာ အရင်ကတည်းက ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်မှုနယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို လက်ခံသွားမှာမဟုတ်ပဲ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ဆောင်သွားကြဖို့ အသိပေးပြောကြားသေးတာပါ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တို့အကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေပြီး စစ်ရေးအခြေအနေကြောင့် ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းနဲ့ ဖာပွန်-ဘီးလင်း ကားလမ်းကိုပိတ်ထားခဲ့ရပြီး ခရီးသွားလာမှုအနေနဲ့ ရေလမ်းခရီးတစ်ခုတည်းကိုသာ အသုံးပြုနေရတာဖြစ်ပါတယ်။

လတ်တလော ဖာပွန်မြို့နဲ့အနီးတစ်ဝိုက်မှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုဖြစ်ပွားနေတာဟာ ရက်ပေါင်း ၂၀ လောက်ရှိပြီဖြစ်ပြီး MEC ဖုန်းဆက်သွယ်ရေးလိုင်းတစ်ခုတည်းသာ အသုံးပြုလို့ရတာဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေပြီး KNLA ရဲ့ ပြောက်ကျားစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေများပြားနေတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။