Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်မှာရှိတဲ့ စစ်ကောင်စီဝန်ထမ်းအချို့ နေရပ်စပြန်

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ ဖာပွန်မြို့ဟာ အရင်ကတည်းက ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်မှုနယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို လက်ခံသွားမှာမဟုတ်ပဲ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ဆောင်သွားကြဖို့ အသိပေးပြောကြားသေးတာပါ။

ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီဝန်ထမ်းတွေအနေနဲ့ ၁၀ ရက်အတွင်း ဖာပွန်ကနေထွက်ခွာပေးဖို့ KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်လိုက်ပြီးတဲ့နောက် ဝန်ထမ်းအချို့ နေရပြန်နေကြတာရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖာပွန်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေအားလုံးအနေနဲ့ ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၁၀ ရက်အတွင်း ရေလမ်းခရီးနဲ့ မြို့ကနေထွက်ခွာကြဖို့၊ မြို့ခံဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ခြင်းကနေ မပြုလုပ်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်စွဲနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်ကြေငြာခဲ့တာပါ။

ဒါဟာ တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖို့အတွက်ဖြစ်ပြီး ထုတ်ပြန်ကြေညာချက်ကို မလိုက်နာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ KNLA တပ်မဟာ ၅ က ဆိုထားပါတယ်။

ဒီလို KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်ကြေငြာခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်ပိုင်းမှာ ဖာပွန်မြို့က ဝန်ထမ်းအချို့ ပြန်ထွက်ခွာတာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရေလမ်းကနေမဟုတ်ဘူး။ ဘီးလင်းလမ်းကနေ သွားကြတယ်။ ဖာပွန်-ဘီးလင်းလမ်းပေ့ါ။ ကားသုံးစီးနဲ့ ပစ္စည်းတွေရော လူတွေရော။ ဝန်ထမ်းတွေအများဆုံးပေါ့။ တချို့လည်းအောက်ဘက်မှာ သူတို့ရဲ့ဆွေမျိုးရှိတဲ့လူတွေပေါ့” လို့ ဖာပွန်-ဘီးလင်းလမ်းမှာ မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ ဖာပွန်မြို့ဟာ အရင်ကတည်းက ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်မှုနယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို လက်ခံသွားမှာမဟုတ်ပဲ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ဆောင်သွားကြဖို့ အသိပေးပြောကြားသေးတာပါ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တို့အကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေပြီး စစ်ရေးအခြေအနေကြောင့် ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းနဲ့ ဖာပွန်-ဘီးလင်း ကားလမ်းကိုပိတ်ထားခဲ့ရပြီး ခရီးသွားလာမှုအနေနဲ့ ရေလမ်းခရီးတစ်ခုတည်းကိုသာ အသုံးပြုနေရတာဖြစ်ပါတယ်။

လတ်တလော ဖာပွန်မြို့နဲ့အနီးတစ်ဝိုက်မှာ ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုဖြစ်ပွားနေတာဟာ ရက်ပေါင်း ၂၀ လောက်ရှိပြီဖြစ်ပြီး MEC ဖုန်းဆက်သွယ်ရေးလိုင်းတစ်ခုတည်းသာ အသုံးပြုလို့ရတာဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေပြီး KNLA ရဲ့ ပြောက်ကျားစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေများပြားနေတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။