Connect with us

Hi, what are you looking for?

News

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ဖို့ စစ်ကောင်စီကို ဟွန်ဆန် မဖိတ်တော့

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖနွမ်းပင်မှာကျင်းပမှာဖြစ်ပါတယ်။

မကြာခင်ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာမဟုတ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ထုတ်ပြန်ပြောလိုက်ပါတယ်။

စစ်ကောင်စီကို မဖိတ်တော့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောလိုက်တာလို့ ဗီအိုအေခမာသတင်းဌာနက ဖော်ပြထားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်တာနည်းနေသမျှ စစ်ကောင်စီကိုဖိတ်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေထဲ သဘောတူညီချက် ရဖို့ခက်ခဲတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအရ ကိုယ်စားမပြုသူပဲ အစည်းအဝေးကိုစေလွှတ်ဖို့ စစ်ကောင်စီကို ကမ္ဘောဒီးယားဘက်ကအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖနွမ်းပင်မှာကျင်းပမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

Facebook