မကြာခင်ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှာမဟုတ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ထုတ်ပြန်ပြောလိုက်ပါတယ်။
စစ်ကောင်စီကို မဖိတ်တော့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောလိုက်တာလို့ ဗီအိုအေခမာသတင်းဌာနက ဖော်ပြထားပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်တာနည်းနေသမျှ စစ်ကောင်စီကိုဖိတ်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေထဲ သဘောတူညီချက် ရဖို့ခက်ခဲတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဒါကြောင့် နိုင်ငံရေးအရ ကိုယ်စားမပြုသူပဲ အစည်းအဝေးကိုစေလွှတ်ဖို့ စစ်ကောင်စီကို ကမ္ဘောဒီးယားဘက်ကအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖနွမ်းပင်မှာကျင်းပမှာဖြစ်ပါတယ်။
