Connect with us

Hi, what are you looking for?

News

က​လေး(PDF)တပ်ဖွဲ့ဝင်တစ်ဦး အိမ်​ခေတ္တပြန်စဥ်အဖမ်းခံရ၊ ၎င်းနှင့်ဆက်သွယ်ဖူးသူများသတိထားရန် ဒီချုပ်အမတ်သတိ​ပေး

PDF Kalay တပ်ရင်း(၅) တပ်စုမှူး စိုင်းရဲဇက်(ခ) သားဒုတ်သည်ယမန်နေ့(ဖေဖော်ဝါရီ ၂ရက်)က နေအိမ်သို့ခတ္တပြန်ရောက်စဥ် စစ်ကောင်စီတပ်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဟု ဒေါ်သန့်ဝေကျော်က ​ပြောသည်။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (က​လေး) -PDF(Kalay)မှတပ်သားတစ်ဦး နေအိမ်သို့ ခတ္တပြန်စဥ် ဖမ်းဆီးခံလိုက်ရသဖြင့် ၎င်းနှင့်ဆက်သွယ်ဖူးသူများ အထူးသတိပြုကြရန် ကလေးမြို့နယ်မှ ဒီချုပ်အမတ်ဒေါ်သန့်ဝေကျော်က သတိပေးသည်။

PDF Kalay တပ်ရင်း(၅) တပ်စုမှူး စိုင်းရဲဇက်(ခ) သားဒုတ်သည်ယမန်နေ့(ဖေဖော်ဝါရီ ၂ရက်)က နေအိမ်သို့ခတ္တပြန်ရောက်စဥ် စစ်ကောင်စီတပ်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဟု ဒေါ်သန့်ဝေကျော်က ​ပြောသည်။

” အိမ်သို့ပြန်လာချိန်နှင့် အချိန်ကိုက် တိကျစွာ ဖမ်းဆီးခံရခြင်းသည် ၎င်းနေအိမ်ပတ်ဝန်းကျင်ရှိ ဒလန်၏သတင်းပေးမှုကြောင့်ဟု သိရသည်။ ယခုတစ်ကြိမ်၎င်းတို့အိမ်သို့ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းခြင်းမှာ ဒုတိယအကြိမ်ရှိပြီဖြစ်သည်” ဟု ဒေါ်သန့်ဝေကျော်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

ထို့အပြင် စိုင်းရဲဇက်နှင့် ဆက်သွယ်ဖူးသူများ အချိန်မီတိမ်းရှောင်ရန်နှင့် သတိပြုနေထိုင်ရန် ဒေါ်သန့်ဝေကျော်က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

စိုင်းရဲဇက် ဖမ်းဆီးခံလိုက်ရသည့်သတင်းကိုလည်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF (က​လေး) မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်းအတည်ပြုပေးသည်။

ယခုရက်ပိုင်းတွင် ကလေးနှင့် ဂန့်ဂေါနယ်၌ တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီးကလေး – ဂန့်ဂေါပြည်ထောင်စုလမ်းကို ဖေဖော်ဝါရီ (၁၂) ရက်​ အထိ အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။