Connect with us

Hi, what are you looking for?

LuduNwayOo

News

မလဲ့သာရွာမှဦးမြင့်ဆန်းအား ပျူခေါင်းဆောင်ဟုစွပ်စွဲ သတ်ဖြတ်မှုခိုင်မာသည့်သက်သေပြရန် ZERO ပြောက်ကျားတပ်ဖွဲ့ ထံ စစ်ကိုင်းမှ အဖွဲ့ ၁၆ဖွဲ့တောင်းဆို

ဦးမြင့်ဆန်းသည် မလဲသာ ရွာသို့ စစ်ကောင်စီအဖွဲ့အား လမ်းပြခေါ်ဆောင်လာသည်ဟုဆိုကာ ဖေဖော်ဝါရီ ၃ရက်တွင် ရှင်းလင်းခဲ့ကြောင်း ZEROက ထုတ်ပြန်ထားသည်။

●ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေပြီးတာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်မည်ဟု ZERO ပြောက်ကျားထုတ်ပြန်

အရာတော်မြို့နယ် မလဲ့သာ ကျေးရွာမှ ဦးမြင့်ဆန်း အားပျူစောထီးခေါင်းဆောင် ခေါင်းဆောင် ဖြစ်၍ သုတ်သင်ရှင်းလင်းခဲ့သည်ဆိုသော မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ဦးမြင့်ဆန်း ပျူစောထီး ခေါင်း ဆောင်ဖြစ်သည် ဆိုသော ခိုင်မာသည့် သက်သေများ ထုတ်ပြန်ပေးရန် သို့မဟုတ် မှားယွင်း သတ်ဖြတ်မိပါက ကျန်ရစ်သူ မိသားစု ကျေနပ်သည်အထိ ဝန်ချတောင်းပန်ရန် စစ်ကိုင်းတိုင်းရှိ အဖွဲ့ အစည်း ၁၆ခု ကပူးပေါင်း တောင်းဆိုလိုက်သည်။

ဦးမြင့်ဆန်းသည် မလဲသာ ရွာသို့ စစ်ကောင်စီအဖွဲ့အား လမ်းပြခေါ်ဆောင်လာသည်ဟုဆိုကာ ဖေဖော်ဝါရီ ၃ရက်တွင် ရှင်းလင်းခဲ့ကြောင်း ZEROက ထုတ်ပြန်ထားသည်။

အရာတော် တော်လှန်ရေးအင်အားစု၊ အရာတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရာတော်မြို့ နယ် သပိတ် ဦးဆောင် ကော်မတီ အပါအဝင် စစ်ကိုင်းတိုင်း ရှိ အဖွဲ့အစည်း ၁၆ဖွဲ့ ပူးပေါင်းထုတ်ပြန် သော ကြေညာချက်တွင် ဦးမြင့်ဆန်းသည် ရပ်ရေးရွာရေးနှင့် ပရဟိတ လုပ်ငန်းများအား ဦးဆောင်ခဲ့သူ ဖြစ်ပြီး နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများတွင် တက်ကြွစွာ လှုပ်ရှားခဲ့သူ ဖြစ်ကြောင်း အများက ယုံကြည်လက်ခံထားသူ ဖြစ်သည်ဟု ၁၆ ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူ ဦးမြင့်ဆန်း၏ သမိုင်းကြောင်းနှင့် ကျန်ရစ်သူ မိသားစု၏ ဂုဏ်သိက္ခာ အပြင် မိမိတို့ အားလုံးရှေ့ဆက်ရမည့်တော်လှန်ရေး၏ ဂုဏ်သိက္ခာအတွက်မြင်းခြံ ZEROပြောက်ကျားတပ်ဖွဲ့ အနေဖြင့် စွပ်စွဲ သတ်ဖြတ်ခံရသူ ဦးမြင့်ဆန်းအား ပျူစောထီးခေါင်းဆောင်ဟု ထင်ရှားစေသော ခိုင်မာသည့် သက်သေ အချက်အလက်များ ထုတ်ပြန်ချပြပေးရန်၊ သက်သေမခိုင်လုံဘဲ မှားယွင်းသတ်ဖြတ်မိပါက ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးမှ ကျူးလွန်ခံရသူ ဦးမြင့်ဆန်း၏ ကျန်ရစ်သူ မိသားစုအား ကျေနပ်သည်ထိ ဝန်ချတောင်းပန်ရန် အဖွဲ့ ၁၆ဖွဲ့က တောင်းဆိုလိုက်သည်။

ထို့ပြင် မှားယွင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်လျင်ယခုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့် ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား မှတ်တမ်းထားရှိပြီး ပြည်သူ့အာဏာ တည်သောတစ်နေ့၌ တရားဥပဒေ၏ အဆုံးအဖြတ်ကို ကျေနပ်စွာလက်ခံပါမည့်အကြောင်းဝန်ခံကတိပြုပေးရန် တောင်းဆိုထားသည်။

ယင်းသို့ တောင်းဆိုချက်အပေါ် ZEROပြောက်ကျားတပ်ဖွဲ့ ကလည်း မလဲ့သာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်မည်ဟုယ​နေ့ထုတ်ပြန်သည်။

Zeroပြောက်ကျားတပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊လှုပ်ရှားမှုအရ နေရာအများအပြား၌ တပ်စုများဖြန့်ကျက်ထားရှိကြောင်း၊ ZEROပြောက်ကျားတပ်ဖွဲ့အနေ ဖြင့် ဒလန်ရှင်းလင်းရေးလုပ်ငန်းများကိုဦးစားပေးလုပ်ဆောင်သည့် မူမရှိကြောင်း၊ နယ်မြေအခြေချမှုအရ အချို့တပ်စုများမှာ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ အကူအညီတောင်းခံမှုအရဖြစ်ခဲ့လျှင်ဒလန်ရှင်းလင်းရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းရှင်းပြထားသည်။

မလဲ့သာဖြစ်ရပ်နှင့်ပတ်သတ်၍ ဒေသခံကာကွယ်‌ရေးအဖွဲ့ထံ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း၊ ဒေသခံအဖွဲ့နှင့်ပူးပေါင်းအဖြေရှာခြင်း၊ဖြေရှင်းခြင်းကို ZERO
ပြောက်ကျားအဖွဲ့မှ တာဝန်ယူမှုအပြည့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။