Connect with us

Hi, what are you looking for?

News

မလဲ့သာရွာမှဦးမြင့်ဆန်းအား ပျူခေါင်းဆောင်ဟုစွပ်စွဲ သတ်ဖြတ်မှုခိုင်မာသည့်သက်သေပြရန် ZERO ပြောက်ကျားတပ်ဖွဲ့ ထံ စစ်ကိုင်းမှ အဖွဲ့ ၁၆ဖွဲ့တောင်းဆို

ဦးမြင့်ဆန်းသည် မလဲသာ ရွာသို့ စစ်ကောင်စီအဖွဲ့အား လမ်းပြခေါ်ဆောင်လာသည်ဟုဆိုကာ ဖေဖော်ဝါရီ ၃ရက်တွင် ရှင်းလင်းခဲ့ကြောင်း ZEROက ထုတ်ပြန်ထားသည်။

●ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေပြီးတာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်မည်ဟု ZERO ပြောက်ကျားထုတ်ပြန်

အရာတော်မြို့နယ် မလဲ့သာ ကျေးရွာမှ ဦးမြင့်ဆန်း အားပျူစောထီးခေါင်းဆောင် ခေါင်းဆောင် ဖြစ်၍ သုတ်သင်ရှင်းလင်းခဲ့သည်ဆိုသော မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ဦးမြင့်ဆန်း ပျူစောထီး ခေါင်း ဆောင်ဖြစ်သည် ဆိုသော ခိုင်မာသည့် သက်သေများ ထုတ်ပြန်ပေးရန် သို့မဟုတ် မှားယွင်း သတ်ဖြတ်မိပါက ကျန်ရစ်သူ မိသားစု ကျေနပ်သည်အထိ ဝန်ချတောင်းပန်ရန် စစ်ကိုင်းတိုင်းရှိ အဖွဲ့ အစည်း ၁၆ခု ကပူးပေါင်း တောင်းဆိုလိုက်သည်။

ဦးမြင့်ဆန်းသည် မလဲသာ ရွာသို့ စစ်ကောင်စီအဖွဲ့အား လမ်းပြခေါ်ဆောင်လာသည်ဟုဆိုကာ ဖေဖော်ဝါရီ ၃ရက်တွင် ရှင်းလင်းခဲ့ကြောင်း ZEROက ထုတ်ပြန်ထားသည်။

အရာတော် တော်လှန်ရေးအင်အားစု၊ အရာတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရာတော်မြို့ နယ် သပိတ် ဦးဆောင် ကော်မတီ အပါအဝင် စစ်ကိုင်းတိုင်း ရှိ အဖွဲ့အစည်း ၁၆ဖွဲ့ ပူးပေါင်းထုတ်ပြန် သော ကြေညာချက်တွင် ဦးမြင့်ဆန်းသည် ရပ်ရေးရွာရေးနှင့် ပရဟိတ လုပ်ငန်းများအား ဦးဆောင်ခဲ့သူ ဖြစ်ပြီး နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများတွင် တက်ကြွစွာ လှုပ်ရှားခဲ့သူ ဖြစ်ကြောင်း အများက ယုံကြည်လက်ခံထားသူ ဖြစ်သည်ဟု ၁၆ ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူ ဦးမြင့်ဆန်း၏ သမိုင်းကြောင်းနှင့် ကျန်ရစ်သူ မိသားစု၏ ဂုဏ်သိက္ခာ အပြင် မိမိတို့ အားလုံးရှေ့ဆက်ရမည့်တော်လှန်ရေး၏ ဂုဏ်သိက္ခာအတွက်မြင်းခြံ ZEROပြောက်ကျားတပ်ဖွဲ့ အနေဖြင့် စွပ်စွဲ သတ်ဖြတ်ခံရသူ ဦးမြင့်ဆန်းအား ပျူစောထီးခေါင်းဆောင်ဟု ထင်ရှားစေသော ခိုင်မာသည့် သက်သေ အချက်အလက်များ ထုတ်ပြန်ချပြပေးရန်၊ သက်သေမခိုင်လုံဘဲ မှားယွင်းသတ်ဖြတ်မိပါက ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးမှ ကျူးလွန်ခံရသူ ဦးမြင့်ဆန်း၏ ကျန်ရစ်သူ မိသားစုအား ကျေနပ်သည်ထိ ဝန်ချတောင်းပန်ရန် အဖွဲ့ ၁၆ဖွဲ့က တောင်းဆိုလိုက်သည်။

ထို့ပြင် မှားယွင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်လျင်ယခုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့် ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား မှတ်တမ်းထားရှိပြီး ပြည်သူ့အာဏာ တည်သောတစ်နေ့၌ တရားဥပဒေ၏ အဆုံးအဖြတ်ကို ကျေနပ်စွာလက်ခံပါမည့်အကြောင်းဝန်ခံကတိပြုပေးရန် တောင်းဆိုထားသည်။

ယင်းသို့ တောင်းဆိုချက်အပေါ် ZEROပြောက်ကျားတပ်ဖွဲ့ ကလည်း မလဲ့သာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်မည်ဟုယ​နေ့ထုတ်ပြန်သည်။

Zeroပြောက်ကျားတပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊လှုပ်ရှားမှုအရ နေရာအများအပြား၌ တပ်စုများဖြန့်ကျက်ထားရှိကြောင်း၊ ZEROပြောက်ကျားတပ်ဖွဲ့အနေ ဖြင့် ဒလန်ရှင်းလင်းရေးလုပ်ငန်းများကိုဦးစားပေးလုပ်ဆောင်သည့် မူမရှိကြောင်း၊ နယ်မြေအခြေချမှုအရ အချို့တပ်စုများမှာ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ အကူအညီတောင်းခံမှုအရဖြစ်ခဲ့လျှင်ဒလန်ရှင်းလင်းရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းရှင်းပြထားသည်။

မလဲ့သာဖြစ်ရပ်နှင့်ပတ်သတ်၍ ဒေသခံကာကွယ်‌ရေးအဖွဲ့ထံ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း၊ ဒေသခံအဖွဲ့နှင့်ပူးပေါင်းအဖြေရှာခြင်း၊ဖြေရှင်းခြင်းကို ZERO
ပြောက်ကျားအဖွဲ့မှ တာဝန်ယူမှုအပြည့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။