Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မည့်အဖွဲ့များအားလုံး NUGကို ဝန်းရံရန်လိုအပ်ဟုKIO ဥက္ကဋ္ဌပြော

စစ်အာဏာရှင်၏ပေးကမ်းမှုကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်
မခံနိုင်ကြောင်းကို အားလုံးနားလည်သိရှိပြီးဖြစ်၍ နောက်နောင်၌ နောင်တရသည့်အချိန်တွင် အချိန်နှောင်းသွားမည် ဖြစ်ကြောင်းလည်း KIO ဥက္ကဋ္ဌကပြောသည်။

စစ်ရေး ၊နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန်ရှိပါကအသင့်ရှိဟုTNLA၊ MNDAAနှင့်AA က KIO ထံသဝဏ်လွှာပို့

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရန် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့များ သည် ရဲဘော်ရဲဘက်များဖြစ်ကြပြီး အားရဝမ်းသာဖြစ်မိကြောင်းနှင့် အကြမ်းဖက်အာဏာရှင် စနစ်ကို တော်လှန်ခြေမှုန်းနေသော အဖွဲ့အစည်းများအားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဝန်းရံရန်လိုအပ်မည်ဖြစ်ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကပြောကြားသည်။

ထိုသို့မဟုတ်လျှင် ရေရှည်တွင် ပြဿနာများဖြစ်ပေါ်လာနိုင်ကြောင်း KIOဥက္ကဋ္ဌက ယနေ့ကျရောက်သည့် ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။KIO ဥက္ကဌ၏မိန့်ခွန်းကိုကချင်ဘာသာဖြင့်ထုတ်ပြန်ခဲ့ရာကချင်သတင်းဌာနKachinwaves ကဘာသာပြန်၍ဖော်ပြထားသည်။

KIOဥက္ကဋ္ဌ၏ မိန့်ခွန်းတွင်ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ တိုက်ပွဲများပြင်းထန်လာနိုင် ကြောင်းထည့်သွင်း ပြောကြားခဲ့သည်ဟုဆိုသည်။ထို့ပြင် KIO သည် အမျိုးသားညီညွတ်ရေး အစိုးရ ၊ လက်နက်ကိုင် တော် လှန်ရေးအဖွဲ့အစည်း အများပိုင်းနှင့် ပူးပေါင်းစည်းရုံးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဗိုလ်ချုပ်ကြီး အင်ဘန်လကပြောကြားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်၏ပေးကမ်းမှုကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်
မခံနိုင်ကြောင်းကို အားလုံးနားလည်သိရှိပြီးဖြစ်၍ နောက်နောင်၌ နောင်တရသည့်အချိန်တွင် အချိန်နှောင်းသွားမည် ဖြစ်ကြောင်းလည်း KIO ဥက္ကဋ္ဌကပြောသည်။

ကိုယ့်ဒေသအတွက် စားနပ်ရိက္ခာများဖူလုံအောင်ဆောင်ရွက်ရန်၊ နိုင်ငံရေးအကြပ်အတည်းဆိုက် ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားရှာသည့် လုပ်ရပ်များကို ရှောင်ရှားရန်၊ ကိုယ်ကျိုးအကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ်ခြင်းများကို ရှောင်းရှားရန်လည်း KIO ဥက္ကဋ္ဌ၏ မိန့်ခွန်း၌ပါရှိသည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)သည် ၁၉၆၁ခုနှစ် ဖေဖော်ဝါရီ ၅ရက်နေ့ တွင် ကချင်လွတ်လပ်ရေးတပ်မတော်ကိုစတင်ဖွဲ့စည်းခဲ့ရာယင်းနေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့သည်။

ကချင်တော်လှန်ရေးနေ့သို့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကသဝဏ်လွှာ ပေးပို့ရာ မြောက်ပိုင်းမဟာမိတ်၄ဖွဲ့(KIA/TNLA/MNDAA/AA) အချင်းချင်းကြား၌ယခင်ကာလများ၌နိုင်ငံရေးပြဿနာများကိုအတူတကွဖြေရှင်းခဲ့ကြသည့်နည်းတူ အခြေအနေ၏လိုအပ်ချက်အရစစ်ရေးကဏ္ဍများကိုပါဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း၊ထို့အတူယခုလည်းမြန်မာနိုင်ငံ၏လက်ရှိအခြေအနေအရ စစ်ရေးနိုင်ငံရေး အရပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကညီနောင်မဟာမိတ်၃ဖွဲ့အနေဖြင့်အသင့်ရှိကြောင်းဖော်ပြထားသည်။

အဆိုပါသုံးဖွဲ့အနက် PSLFTNLAနှင့် ULA/AAတို့ကို KIAဌာနချုပ် လိုင်ဇာမြို့၌အသစ်တဖန် သန္ဓေတည်မွေးဖွားခွင့်ပေးခဲ့သည့်အပြင်နိုင်ငံရေး၊စစ်ရေးပူးပေါင်းဆောင်ရွက်မှုများဖြင့်မိတ်ဖတ်အဖွဲ့ အစည်းများအဖြစ်ရပ်တည်ပေးထားသောကြောင့်တအာင်းနှင့်ရခိုင်လူမျိုးတို့အတွက်ကြီးမားသော ဂုဏ်ဒြပ်များဖြင့်ပြည့်နှက်နေပြီးကချင်ပြည်ကချင်လူထုနှင့် KIO/KIAကိုများစွာကျေးဇူးတင်ရှိပြီး လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်းညီနောင်သုံးဖွဲ့၏
သဝဏ်လွှာ၌ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။