Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီတပ်မတော်၏ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KA ထံအခြေခံစစ်သင်တန်းတက်ရောက်သူ အများအပြားရှိလာသကဲ့သို့ကရင်နီဒေသ၌လည်းပြည်သူ့ကာကွယ်ရေးတပ်၊ဒေသကာကွယ်ရေးတပ်များဖွဲ့စည်းကာ စစ်ကောင်စီကိုရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်လျက်ရှိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)လက်အောက်ခံတပ်ဖွဲ့ဖြစ်သည့်ကရင်နီတပ်မတော်(KA) ၏အပတ်စဉ်(၇၂) အခြေခံစစ်သင်တန်းဆင်းပွဲကိုယနေ့ ဖေဖော်ဝါရီ ၅ရက်တွင် KNPP ထိန်းချုပ်ရာနယ်မြေ၌ကျင်းပခဲ့ကြောင်း Kerenni Army Center ကဖော်ပြသည်။

KA ၏ အပတ်စဉ် (၇၁) အခြေခံစစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၉ရက်ကပြုလုပ်ခဲ့ရာ သုံးလ အကြာတွင်အပတ်စဉ် (၇၂)သင်တန်းဆင်းပွဲ ပြုလုပ်နိုင်ခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KA ထံအခြေခံစစ်သင်တန်းတက်ရောက်သူ အများအပြားရှိလာသကဲ့သို့ကရင်နီဒေသ၌လည်းပြည်သူ့ကာကွယ်ရေးတပ်၊ဒေသကာကွယ်ရေးတပ်များဖွဲ့စည်းကာ စစ်ကောင်စီကိုရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်လျက်ရှိသည်။

KA အနေဖြင့်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြင့်ပူးပေါင်းပြီးမေလ ၂၀ရက်မှစကာ စစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိသည်။

KA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးက လူထုကိုအကြမ်းဖက် သတ်ဖြတ်နေသည့်စစ်ကောင်စီ နှင့်ဆွေးနွေးရန်ဆန္ဒမရှိကြောင်း အပတ်စဉ်(၇၁)သင်တန်းဆင်းပွဲ၌ပြောကြားထားသည်။ မင်းအောင်လှိုင်ကို ပြည်သူလူထုကမထောက်ခံဘဲအမျိုးသမီးများကအစထပြီးတော်လှန်နေပြီဖြစ်ပြီး အချင်းချင်းဝိုင်းဝန်းပံ့ပိုးပြီးလုပ်ဆောင်မည်ဆိုပါကအောင်ပွဲမခံနိုင်စရာအကြောင်းမရှိကြောင်း ဗိုလ်ချုပ်ဘီထူးကပြောသည်။