Connect with us

Hi, what are you looking for?

News

ကရင်နီတပ်မတော်၏ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KA ထံအခြေခံစစ်သင်တန်းတက်ရောက်သူ အများအပြားရှိလာသကဲ့သို့ကရင်နီဒေသ၌လည်းပြည်သူ့ကာကွယ်ရေးတပ်၊ဒေသကာကွယ်ရေးတပ်များဖွဲ့စည်းကာ စစ်ကောင်စီကိုရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်လျက်ရှိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)လက်အောက်ခံတပ်ဖွဲ့ဖြစ်သည့်ကရင်နီတပ်မတော်(KA) ၏အပတ်စဉ်(၇၂) အခြေခံစစ်သင်တန်းဆင်းပွဲကိုယနေ့ ဖေဖော်ဝါရီ ၅ရက်တွင် KNPP ထိန်းချုပ်ရာနယ်မြေ၌ကျင်းပခဲ့ကြောင်း Kerenni Army Center ကဖော်ပြသည်။

KA ၏ အပတ်စဉ် (၇၁) အခြေခံစစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၉ရက်ကပြုလုပ်ခဲ့ရာ သုံးလ အကြာတွင်အပတ်စဉ် (၇၂)သင်တန်းဆင်းပွဲ ပြုလုပ်နိုင်ခြင်းလည်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KA ထံအခြေခံစစ်သင်တန်းတက်ရောက်သူ အများအပြားရှိလာသကဲ့သို့ကရင်နီဒေသ၌လည်းပြည်သူ့ကာကွယ်ရေးတပ်၊ဒေသကာကွယ်ရေးတပ်များဖွဲ့စည်းကာ စစ်ကောင်စီကိုရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်လျက်ရှိသည်။

KA အနေဖြင့်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြင့်ပူးပေါင်းပြီးမေလ ၂၀ရက်မှစကာ စစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

KA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးက လူထုကိုအကြမ်းဖက် သတ်ဖြတ်နေသည့်စစ်ကောင်စီ နှင့်ဆွေးနွေးရန်ဆန္ဒမရှိကြောင်း အပတ်စဉ်(၇၁)သင်တန်းဆင်းပွဲ၌ပြောကြားထားသည်။ မင်းအောင်လှိုင်ကို ပြည်သူလူထုကမထောက်ခံဘဲအမျိုးသမီးများကအစထပြီးတော်လှန်နေပြီဖြစ်ပြီး အချင်းချင်းဝိုင်းဝန်းပံ့ပိုးပြီးလုပ်ဆောင်မည်ဆိုပါကအောင်ပွဲမခံနိုင်စရာအကြောင်းမရှိကြောင်း ဗိုလ်ချုပ်ဘီထူးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။