Connect with us

Hi, what are you looking for?

LuduNwayOo

News

ချိန်ခါမဟုတ်မိုးရွာလို့ စစ်ဘေးရှောင်တွေ မိုးရေထဲအိပ်ရတဲ့အခြေအနေအထိရှိ

အခုရက်ပိုင်းထဲ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် သောင်းရင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ စစ်ရှောင်စခန်းအတွင်းက ယာယီတဲတွေပျက်စီးခဲ့ကာ ဆန်နဲ့အစားအသောက်တွေလည်း ရေစိုပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်တွေ အခက်ကြုံနေရပြီး အမိုးအကာမလုံလောက်လို့ မိုးရေထဲမှာအိပ်နေရတဲ့ စစ်ဘေးရှောင်တွေ အများကြီးရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ပြောခွင့်ရသူ စောနန္ဒဆူးထံကနေ သိရပါတယ်။

အခုရက်ပိုင်းထဲ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် သောင်းရင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ စစ်ရှောင်စခန်းအတွင်းက ယာယီတဲတွေပျက်စီးခဲ့ကာ ဆန်နဲ့အစားအသောက်တွေလည်း ရေစိုပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ရာသီဥတုကလည်းဖောက်ပြန်နေတော့ သနားဖို့ကောင်းတယ်။ သူတို့လည်းတော်တော်ဒုက္ခရောက်နေကြတယ်။ အခု ရေကြီးတာရော မိုးရွာလို့အမိုးအကာမလုံလို့ မိုးရေထဲမှာအိပ်နေရတဲ့လူ တညလုံးဒုက္ခခံနေရတဲ့ စစ်ရှောင်တွေကတော့ အများကြီးပဲ” လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုအေးတာတွေကြောင့် စစ်ရှောင်စခန်းအတွင်းက ကလေးငယ်တချို့လည်း ဖျားနာတာတွေရှိနေပြီး နေရာထိုင်ခင်း၊ အမိုးအကာ၊ ဝါး စတဲ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လေးကေကော်တိုက်ပွဲကြောင့် ၁ လကျော်ကြာ တိမ်းရှောင်နေခဲ့ရတဲ့ စစ်ဘေးရှောင်တွေဟာ ဒီကနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲ သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ အခြားနီးစပ်ရာကျေးရွာတွေထဲမှာ လိုက်လံတိမ်းရှောင်နေထိုင်ခဲ့ရပြီး အကူအညီလိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

မေးမြန်းခန်း

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာလည်းဖြစ် ၊ကရင်နီကြားကာလအတိုင်ပင်ခံ​ကောင်စီ (IEC)အတွင်း​ရေးမှူးလည်းဖြစ်တဲ့ ဦးဗညားခွန်း​အောင်ကို လူထုနွေဦး (People's Spring )က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူလူထုများအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်မှ လွတ်ကင်းနိုင်ရန် ခိုင်ခန့်လုံခြုံသည့်နေရာများတွင် နေထိုင်ကြရန် အထူးလိုအပ်ကြောင်းလည်း TNLAက ထုတ်ပြန်ခဲ့သည်။