Connect with us

Hi, what are you looking for?

News

ချိန်ခါမဟုတ်မိုးရွာလို့ စစ်ဘေးရှောင်တွေ မိုးရေထဲအိပ်ရတဲ့အခြေအနေအထိရှိ

အခုရက်ပိုင်းထဲ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် သောင်းရင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ စစ်ရှောင်စခန်းအတွင်းက ယာယီတဲတွေပျက်စီးခဲ့ကာ ဆန်နဲ့အစားအသောက်တွေလည်း ရေစိုပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်တွေ အခက်ကြုံနေရပြီး အမိုးအကာမလုံလောက်လို့ မိုးရေထဲမှာအိပ်နေရတဲ့ စစ်ဘေးရှောင်တွေ အများကြီးရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ပြောခွင့်ရသူ စောနန္ဒဆူးထံကနေ သိရပါတယ်။

အခုရက်ပိုင်းထဲ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် သောင်းရင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ စစ်ရှောင်စခန်းအတွင်းက ယာယီတဲတွေပျက်စီးခဲ့ကာ ဆန်နဲ့အစားအသောက်တွေလည်း ရေစိုပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ရာသီဥတုကလည်းဖောက်ပြန်နေတော့ သနားဖို့ကောင်းတယ်။ သူတို့လည်းတော်တော်ဒုက္ခရောက်နေကြတယ်။ အခု ရေကြီးတာရော မိုးရွာလို့အမိုးအကာမလုံလို့ မိုးရေထဲမှာအိပ်နေရတဲ့လူ တညလုံးဒုက္ခခံနေရတဲ့ စစ်ရှောင်တွေကတော့ အများကြီးပဲ” လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုအေးတာတွေကြောင့် စစ်ရှောင်စခန်းအတွင်းက ကလေးငယ်တချို့လည်း ဖျားနာတာတွေရှိနေပြီး နေရာထိုင်ခင်း၊ အမိုးအကာ၊ ဝါး စတဲ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လေးကေကော်တိုက်ပွဲကြောင့် ၁ လကျော်ကြာ တိမ်းရှောင်နေခဲ့ရတဲ့ စစ်ဘေးရှောင်တွေဟာ ဒီကနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲ သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ အခြားနီးစပ်ရာကျေးရွာတွေထဲမှာ လိုက်လံတိမ်းရှောင်နေထိုင်ခဲ့ရပြီး အကူအညီလိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။

Facebook