Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဦး-တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံးဝအသုံးမပြုရန် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ သတိပေး

တိုက်ပွဲများ ပြင်းထန်လာနိုင်ပါသဖြင့် ပြည်သူများသည် ရေဦး- တန့်ဆည် လမ်းပိုင်းနှင့် တန့်ဆည် -ကံထူးမလမ်းအား လုံးဝအသွားအလာမလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

(တန့်ဆည်မြို့မှ ရေဦးမြို့အထွက် လမ်းပိုင်းတစ်နေရာအားတွေ့ရစဥ်)

စစ်ကိုင်းတိုင်း ရေဦး-တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံးဝအသုံးမပြုရန် ပြည်သူ့ကာကွယ် ရေးအဖွဲ့များက ယနေ့(ဖေဖော်ဝါရီ ၉ ရက်) သတိပေးချက်ထုတ်ပြန်သည်။

တိုက်ပွဲများ ပြင်းထန်လာနိုင်ပါသဖြင့် ပြည်သူများသည် ရေဦး- တန့်ဆည် လမ်းပိုင်းနှင့် တန့်ဆည် -ကံထူးမလမ်းအား လုံးဝအသွားအလာမလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“အဓိကတော့ အများပြည်သူကို လုံးဝမထိခိုက်စေချင်ဘူး။လတ်တလော စစ်ခွေးတွေတွေ အားကိုးနဲ့ ပျူတွေရမ်းကားနေလို့ ကျွန်တော်တို့ဘက်က မတုံ့ပြန်ရင် ပိုးဆိုးလာမယ့်အနေ အထားကြောင့် လည်းပါတယ်။ ဒါကြောင့်လမ်းပိုင်းတွေကို ပိတ်ထားပါမယ်”ဟု Taze PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် တန့်ဆည်မြို့နယ်အတွင်းမှ မိဘပြည်သူများနှင့် ခရီးသွားမိဘ ပြည်သူများခင်ဗျား ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်နိုင်ချေ ရှိနေသောကြောင့် တန့်ဆည်-ကံထူးမ လမ်းပိုင်းအားလုံးဝ (လုံးဝ) အသွားအလာ မပြုလုပ်ကြ ပါရန်လေးစား စွာ ပန်ကြားအပ်ပါသည်”ဟု တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ “ယခု ရေဦး-ကံထူးမ၊ ရေဦး-တန့်ဆည် လမ်းပိုင်းကို အသုံးပြုမှု လုံးဝ ရပ်ထားပေးပါ။မည်သည့်ကားမဆို သွားခွင့်မပြုပါ။သွားမည်ဆိုပါက တာဝန်မယူ ပါ။ပြင်ဆင်ထုတ်ပြန်ချက် မထုတ်မချင်း ရပ်ထားပါ “ဟုလည်း ရေဦးပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပြောသည်။

ထိုလမ်းပိုင်းများအား ပြန်လည်အသုံးပြုနိုင်သော နေ့ရက်အား မိမိတို့ ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပကဖ)မှထပ်မံကြေညာပေးမည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။