Connect with us

Hi, what are you looking for?

News

ရေဦး-တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံးဝအသုံးမပြုရန် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ သတိပေး

တိုက်ပွဲများ ပြင်းထန်လာနိုင်ပါသဖြင့် ပြည်သူများသည် ရေဦး- တန့်ဆည် လမ်းပိုင်းနှင့် တန့်ဆည် -ကံထူးမလမ်းအား လုံးဝအသွားအလာမလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

(တန့်ဆည်မြို့မှ ရေဦးမြို့အထွက် လမ်းပိုင်းတစ်နေရာအားတွေ့ရစဥ်)

စစ်ကိုင်းတိုင်း ရေဦး-တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံးဝအသုံးမပြုရန် ပြည်သူ့ကာကွယ် ရေးအဖွဲ့များက ယနေ့(ဖေဖော်ဝါရီ ၉ ရက်) သတိပေးချက်ထုတ်ပြန်သည်။

တိုက်ပွဲများ ပြင်းထန်လာနိုင်ပါသဖြင့် ပြည်သူများသည် ရေဦး- တန့်ဆည် လမ်းပိုင်းနှင့် တန့်ဆည် -ကံထူးမလမ်းအား လုံးဝအသွားအလာမလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“အဓိကတော့ အများပြည်သူကို လုံးဝမထိခိုက်စေချင်ဘူး။လတ်တလော စစ်ခွေးတွေတွေ အားကိုးနဲ့ ပျူတွေရမ်းကားနေလို့ ကျွန်တော်တို့ဘက်က မတုံ့ပြန်ရင် ပိုးဆိုးလာမယ့်အနေ အထားကြောင့် လည်းပါတယ်။ ဒါကြောင့်လမ်းပိုင်းတွေကို ပိတ်ထားပါမယ်”ဟု Taze PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် တန့်ဆည်မြို့နယ်အတွင်းမှ မိဘပြည်သူများနှင့် ခရီးသွားမိဘ ပြည်သူများခင်ဗျား ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်နိုင်ချေ ရှိနေသောကြောင့် တန့်ဆည်-ကံထူးမ လမ်းပိုင်းအားလုံးဝ (လုံးဝ) အသွားအလာ မပြုလုပ်ကြ ပါရန်လေးစား စွာ ပန်ကြားအပ်ပါသည်”ဟု တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ “ယခု ရေဦး-ကံထူးမ၊ ရေဦး-တန့်ဆည် လမ်းပိုင်းကို အသုံးပြုမှု လုံးဝ ရပ်ထားပေးပါ။မည်သည့်ကားမဆို သွားခွင့်မပြုပါ။သွားမည်ဆိုပါက တာဝန်မယူ ပါ။ပြင်ဆင်ထုတ်ပြန်ချက် မထုတ်မချင်း ရပ်ထားပါ “ဟုလည်း ရေဦးပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပြောသည်။

ထိုလမ်းပိုင်းများအား ပြန်လည်အသုံးပြုနိုင်သော နေ့ရက်အား မိမိတို့ ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပကဖ)မှထပ်မံကြေညာပေးမည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ