Connect with us

Hi, what are you looking for?

News

ဗိုလ်ချုပ်​မွေး​နေ့လက်​ဆောင်အဖြစ် စိုင်ပြင်-ဘုတလင်ကြားရှိ စစ်ကာင်စီတန်ပိုစစ်​ဆေး​ရေးဂိတ်ကို​ ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှုအပြီး မိနစ်နစ်အနည်းငယ်အကြာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်း လှည့်ပတ်ပျံဝဲသွားပြီး ဟန်ရေးပြသွားသေးသည်ဟု ဂဠုန်တပ်တော် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

-​ဖေ​ဖော်ဝါရီ ၁၂ကလည်း မုံရွာ-ဘုတလင်ကြားရှိ တိုးဂိတ်ကို​​ တိုက်ခိုက်ခဲ့

ဗိုလ်ချုပ်အောင်ဆန်းအတွက် မွေးနေ့လက်ဆောင်အဖြစ်စိုင်ပြင်နှင့်ဘုတလင်ကြားရှိ စစ်​ကောင်စီ၏တန်ပိုစစ်​ဆေးရေးဂိတ်အား ယနေ့နံနက်ပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့​ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

ဂဠုန်တပ်တော်၏ ရွှေဘိုခရိုင် ရင်း ၂၂( Galon pdf ရင်း ၄)က အကြမ်းဖကစစ်ကောင်ဟီ၏ ဒေါက်တိုင်ဖြစ်သော စိုင်ပြင်- ဘုတလင်ကြားရှိ စိုင်ပြင်အထွက် တန်ပို ဂိတ်အား ယနေ့ နံနက် ၉နာရီ ၁၅ မိနစ်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်မွေးနေ့၊ ဗိုလ်ချုပ်အတွက် မွေးနေ့လက်ဆောင်” ဟု ဂဠုန်တပ်တော်က ကြေညာပြီး တိုက်ခိုက်ပြီးနောက် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအပြီး မိနစ်နစ်အနည်းငယ်အကြာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်း လှည့်ပတ်ပျံဝဲသွားပြီး ဟန်ရေးပြသွားသေးသည်ဟု ဂဠုန်တပ်တော် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ​မုံရွာ-ဘုတလင်ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင် တိုးလ်ဂိတ်ကို ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကြီးအောင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ တိုးလ်ဂိတ်ရှိ ဝန်ထမ်းများကို နေရာပြောင်းရွှေ့ပြီး ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ ထိခိုက်မှုမရှိကြောင်း၊ ရန်ကြီး​အောင် LPDF တပ်ဖွဲ့ဝင်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း YGA-LPDF ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။