Connect with us

Hi, what are you looking for?

News

က​လေး​တောင်ပိုင်းတွင် တပ်စွဲထား​သော စစ်​ကောင်စီတပ်ကို PDF နှစ်ဖွဲ့ပူး​ပေါင်း တိုက်ခိုက်

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အဆောက်အဦးများပျက်စီးပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမူများရှိ​ကြောင်း CDF-KKGက ထုတ်ပြန်ထားသည်။ဒေသခံကာကွယ်ရေးတပ်များဖက်မှ ထိခိုက်မူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းပါရှိသည်။

(CDF-KKG မှတပ်ဖွဲ့ဝင်အချို့ စစ်​ကောင်စီတပ်နှင့်တိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-CDF-KKH)

ကလေးမြို့တောင်ပိုင်း၊ ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးနှစ်ဖွဲ့က ယမန့်နေ့နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်-က​လေး-က​ဘော်-ဂန့်​​ဂေါ( CDF- KKG)က ယနေ့
(ဖေဖော်ဝါရီ၁၃) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားလက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲမှာ ဖေဖော်ဝါရီ ၁၂ရက် နံနက် ၁နာရီမှ စတင်ပြီး နှစ်နာရီကြာမြင့်ခဲ့​ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီဘက်မှာ စစ်ကောင်စီတပ်တွေ စခန်းချထားတာကြာပါပြီ။ ဒါကို ကျွန်တော် နှစ်ဖွဲ့ကဝင်တိုက်တာပါ”ဟု CDF-KKG၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အဆောက်အဦးများပျက်စီးပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမူများရှိ​ကြောင်း CDF-KKGက ထုတ်ပြန်ထားသည်။ဒေသခံကာကွယ်ရေးတပ်များဖက်မှ ထိခိုက်မူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲကို ကလေး-ကဘော်-ဂန့်ဂေါအခြေစိုက် CDF(KKG)တပ်မှ တပ်ရင်း၂ နှင့် တပ်ရင်း-၃ နှင့် ရိန်းဂျား ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (RKDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၆ ရက်ကတည်းက CDF-KKG တပ်ရင်း ၄ စခန်းကို တိုက်ခိုက်ရန် စစ်ကြောင်း ငါးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။