Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေး​တောင်ပိုင်းတွင် တပ်စွဲထား​သော စစ်​ကောင်စီတပ်ကို PDF နှစ်ဖွဲ့ပူး​ပေါင်း တိုက်ခိုက်

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အဆောက်အဦးများပျက်စီးပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမူများရှိ​ကြောင်း CDF-KKGက ထုတ်ပြန်ထားသည်။ဒေသခံကာကွယ်ရေးတပ်များဖက်မှ ထိခိုက်မူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းပါရှိသည်။

(CDF-KKG မှတပ်ဖွဲ့ဝင်အချို့ စစ်​ကောင်စီတပ်နှင့်တိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-CDF-KKH)

ကလေးမြို့တောင်ပိုင်း၊ ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးနှစ်ဖွဲ့က ယမန့်နေ့နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်-က​လေး-က​ဘော်-ဂန့်​​ဂေါ( CDF- KKG)က ယနေ့
(ဖေဖော်ဝါရီ၁၃) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားလက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲမှာ ဖေဖော်ဝါရီ ၁၂ရက် နံနက် ၁နာရီမှ စတင်ပြီး နှစ်နာရီကြာမြင့်ခဲ့​ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီဘက်မှာ စစ်ကောင်စီတပ်တွေ စခန်းချထားတာကြာပါပြီ။ ဒါကို ကျွန်တော် နှစ်ဖွဲ့ကဝင်တိုက်တာပါ”ဟု CDF-KKG၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အဆောက်အဦးများပျက်စီးပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမူများရှိ​ကြောင်း CDF-KKGက ထုတ်ပြန်ထားသည်။ဒေသခံကာကွယ်ရေးတပ်များဖက်မှ ထိခိုက်မူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲကို ကလေး-ကဘော်-ဂန့်ဂေါအခြေစိုက် CDF(KKG)တပ်မှ တပ်ရင်း၂ နှင့် တပ်ရင်း-၃ နှင့် ရိန်းဂျား ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (RKDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၆ ရက်ကတည်းက CDF-KKG တပ်ရင်း ၄ စခန်းကို တိုက်ခိုက်ရန် စစ်ကြောင်း ငါးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။