Connect with us

Hi, what are you looking for?

News

အဆိုတော် ဘင်ဂျမင်ဆုမ် CNDF ရဲဘော်များအား သွားရောက်အားပေး

အဆိုတော် ဘင်ဂျမင်ဆုမ်သည် Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း၊ ကိုယ်ပိုင်သီချင်းများ ထွက်ရှိခဲ့ခြင်းတို့ဖြင့် ပရိတ်သတ်အားပေးမှုများ ရရှိခဲ့သူဖြစ်ပြီး အခြားသောအနုပညာရှင်အများအပြား နည်းတူစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်သည်။

ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သည့် အဆိုတော် ဘင်ဂျမင်ဆုမ်သည် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ရဲဘော်များအား သွားရောက်အားပေးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

အဆိုတော် ဘင်ဂျမင်ဆုမ်ကလည်း ထိုသို့သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ၎င်း၏ Facebook မှတစ်ဆင့် အသိပေးခဲ့ရာ “ I am a Freedom Fighter with a guitar (ကျွန်တော်ဟာ ဂီတာတစ်လက်ကိုင်တဲ့ လွတ်လပ်ရေးစစ်သည်တော်တစ်ယောက်ပါ) ၊ အရေးတော်ပုံအောင်ရမည်”ဟူ၍ ရေးသားခဲ့သည်။

အဆိုတော် ဘင်ဂျမင်ဆုမ်သည် Myanmar Idol မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း၊ ကိုယ်ပိုင်သီချင်းများ ထွက်ရှိခဲ့ခြင်းတို့ဖြင့် ပရိတ်သတ်အားပေးမှုများ ရရှိခဲ့သူဖြစ်ပြီး အခြားသောအနုပညာရှင်အများအပြား နည်းတူစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်သည်။

CNO လက်အောက်ခံတပ်ဖြစ်သည့် CNDFသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းနှင့် ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ဖလမ်းမြို့နယ်တွင် CNDFနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုများခဲ့သည်ဟု CNOက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က အင်အားထပ်မံ ဖြည့်တင်းလာကြောင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။