Connect with us

Hi, what are you looking for?

News

ဖေဖော်ဝါရီလ ၁၄ ရက်တာအတွင်း အိမ်ခြေ ၄၅၀၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ရွာလုံးကျွတ်နီးပါး မီးရှို့တာဖြစ်ပါတယ်။ ဒီလို မီးရှို့ခံရတဲ့ ရွာတွေဟာ အိမ်ခြေ ရာနဲ့ချီရှိတဲ့ ရွာကြီးတွေလည်းဖြစ်နေတာတွေ့ရပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းက မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ၊မင်းကင်းမြို့နယ် ထဲက ဘင်ရွာကိုတွေ့ရစဉ် ဓာတ်ပုံ − ချင်းတွင်းချစ်သူ

လက်ရှိ ဖေဖော်ဝါရီလ ၁၄ ရက်တာအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့လို့ ပျက်စီးသွားတဲ့ အိမ်ခြေဟာ အလုံး ၄၅၀၀ ကျော်ရှိပြီလို့သိရပါတယ်။

ဒီစာရင်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က နေ ဖေဖော်ဝါရီလ ၁၄ ရက်အထိ Data for Myanmar အဖွဲ့က ပြုစုထားတဲ့စာရင်းဖြစ်ပါတယ်။

ဒီလို မီးရှို့တာကို နေရာပေါင်း ၁၄၀ လောက်မှာ စစ်ကောင်စီတပ်တွေ ကျုးလွန်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံး ဖြစ်ပျက်ခဲ့တာပါ။

Public Service Announcement

ဒီလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်း ၄၅၀၀ ကျော်ရဲ့ ထက်ဝက်ဟာ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနောက်မှာတော့ ချင်းပြည်နယ် ၊မကွေးနဲ့ ကယားပြည်နယ်တို့ ရှိနေပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ရွာလုံးကျွတ်နီးပါး မီးရှို့တာဖြစ်ပါတယ်။ ဒီလို မီးရှို့ခံရတဲ့ ရွာတွေဟာ အိမ်ခြေ ရာနဲ့ချီရှိတဲ့ ရွာကြီးတွေလည်းဖြစ်နေတာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်နေတဲ့ဒေသလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။