Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ ရဲ့ ဂျက်တိုက်လေယာဉ် တစ်စီး စစ်ကိုင်းတိုင်း ရေမျက်ကြီး အင်းထဲ ပျက်ကျ

ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ စစ်ကောင်စီလေယာဉ်မောင်းကိုရှာဖွေကယ်ဆယ်ရေး လုပ်နေတယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်းစစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီး မင်းဘူးမှာ ပျက်ကျစဉ် ( ပုံဟောင်း)

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စင်း ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ရေမျက်ကြီးအင်းထဲကို ပျက်ကျသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လေယာဉ်ပျက်ကျတဲ့သတင်းကို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ တံတားဦးလေတပ်စခန်းကနေ လေ့ကျင့်ပျံသန်းနေတဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ဒီနေ့မနက် ၁၀ နာရီ ၄၃ မိနစ်မှာ ဆက်သွယ်မှု ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

လိုက်လံရှာဖွေရာမှာတာ့ စစ်ကိုင်းတိုင်း ၊ အုန်းတောကျေးရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ရေမျက်ကြီးအင်းထဲ စက်ချို့ယွင်းပြီး ပျက်ကျသွားတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ စစ်ကောင်စီလေယာဉ်မောင်းကိုရှာဖွေကယ်ဆယ်ရေး လုပ်နေတယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

လေယာဉ်ပျက်ကျတာကိုမြင်လိုက်ရတဲ့ ရွာသားအချို့ ကတော့ လေယာဉ်ဟာ ထိုးစိုက်သွားတာတွေ့ရပြီး မကြာခင်မှာပဲ မီးခိုးလုံးတွေတက်လာတာတွေ့ရတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာတော့ လေယာဉ်ပျက်ကျသွားတဲ့နေရာကို မီးသတ်ကားတွေ ၊ ကြက်ခြေနီကားတွေနဲ့ ကယ်ဆယ်ရေးကားတွေသွားရောက်နေတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook