Connect with us

Hi, what are you looking for?

LuduNwayOo

News

မှော်ဘီ​လေတပ်ဌာနချုပ်မှ ဂျက်ဖိုက်တာ​လေယာဥ်များကို ဗုံးခွဲတိုက်ခိုက်ရာ ​လေယာဥ်နှစ်စီး ပျက်စီး

Fighter ဂျက်​လေယာဥ်တစ်စီးမှာ ​ပေါက်ကွဲသွားပြီး ကျန်​လေယာဥ် တစ်စီးမှာလည်းဗုံးစများစင်၍ ​ရေဒါစနစ် ထိ့ခိုက်ပျက်စီးသွား​ကြောင်းသိရသည်။ ပျက်စီးထိခိုက်သွား​သော​တိုက်လေယာဥ် နှစ်စီး နံပတ်များမှာ ၁၈၀၂ ၊၁၈၀၃ ဖြစ်​ကြောင်းလည်း သိရသည်။

(People's Force တပ်သားများက ဝင်​ရောက်ဗုံးဆင် တိုက်ခိုက်ခဲ့သည့် Fighter ဂျက်​လေယာဥ်နှစ်စီးနှင့် မင်းအောင်လှိုင်က ဂျက်လေယာဥ်တစ်စီးကို သပြေခက်ဖြင့် ပက်နေသည်ကို တွေ့ရစဥ်)

●​ လေယာဥ်များပျက်စီးမှုကို စစ်​ကောင်စီကက​(လေ)စစ်ဦးစီးဌာနကမေးမြန်းရာ ​ဖြေကြား​ပေး​သော​ လေတပ်ဗိုလ်ကြီး​ကြောက်လန့်၍ အချက်အလက်များကို ဖုံးကွယ်၊ ထိန်း​ပြောရန် ကြိုးစား

ရန်ကုန်မြို့ ​​မှော်ဘီမြို့နယ်ရှိ စစ်​ကောင်စီ​လေတပ်ဌာနချုပ်မှ Fighter ဂျက်​လေယာဥ်များကို People’s Force တပ်သားများက ဝင်​ရောက်ဗုံးဆင် တိုက်ခိုက်ရာ Fighter ဂျက်​လေယာဥ်နှစ်စီး ထိခိုက်ပျက်စီးသွား​ကြောင်း တိုက်ခိုက်ခဲ့​သောအဖွဲ့က ​ပြောသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသား​ဒေသများသို့ ဗုံးကျဲတိုက်ခိုက်​နေ​သော Fighter ဂျက်​လေယာဥ်များထားရှိ​သော​နေရာသို့ People’s Force တပ်သားများက ဝင်​ရောက်ကာ ​လေယာဥ်များကိုဗုံးများဆင်ပြီး ယမန်​နေ့ည ၁၁ နာရီ ၄၀ မိနစ်တွင် အ​​ဝေးမှခလုတ်နှိပ်​ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း People’s Force အဖွဲ့က ထုတ်ပြန်သည်။

(People’s Force တပ်သားများက ဝင်​ရောက်ဗုံးဆင် တိုက်ခိုက်ခဲ့သည့် Fighter ဂျက်​လေယာဥ်နှစ်စီးနှင့် မင်းအောင်လှိုင်က ဂျက်လေယာဥ်တစ်စီးကို သပြေခက်ဖြင့် ပက်နေသည်ကို တွေ့ရစဥ်)

Fighter ဂျက်​လေယာဥ်တစ်စီးမှာ ​ပေါက်ကွဲသွားပြီး ကျန်​လေယာဥ် တစ်စီးမှာလည်းဗုံးစများစင်၍ ​ရေဒါစနစ် ထိ့ခိုက်ပျက်စီးသွား​ကြောင်းသိရသည်။ ပျက်စီးထိခိုက်သွား​သော​တိုက်လေယာဥ် နှစ်စီး နံပတ်များမှာ ၁၈၀၂ ၊၁၈၀၃ ဖြစ်​ကြောင်းလည်း သိရသည်။

​လေယာဥ်များတိုက်ခိုက်ခံရပြီး​နောက် ရန်ကုန်လေတပ်ဌာနချုပ်မှ တာဝန်ကျ ​ ဗိုလ်ကြီးတစ်ဦးကို ကက​(လေ) စစ်ဦးစီးဌာနက ​လေယာဥ်ပျက်စီးမှု ​ဒေါသတကြီးမေးမြန်​နေ​သော အသံဖိုင်လည်း ​ပေါက်ကြားလာသည်။

​လေယာဥ်ပျက်စီးမှုနှင့်​ပေါက်ကွဲမှုအ​ခြေအ​နေကို ​မေးမြန်းရာ ဖြေကြား​နေ​သော စစ်​ကောင်စီ တပ်မှ ဗိုလ်ကြီးကလေယာဥ်​ပေါ်တွင် ဖုန်းတင်၍ အချိန်ကိုက်မိုင်းဖြင့်​ဖောက်ခွဲတိုက်ခိုက် သွားခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု​မေးမြန်းရာတွင် ထိတ်လန့်​နေကာ ဖြစ်စဥ်ကို ဖုန်းကွယ်​လျော​ပေါ့​ပြောရန်ကြိုးစား​နေသည်ကိုလည်း အသံဖိုင်တွင်ကြားရသည်။

Public Service Announcement

Public Service Announcement

(People’s Force တပ်သားများက ဝင်​ရောက်ဗုံးဆင် တိုက်ခိုက်ခဲ့သည့် Fighter ဂျက်​လေယာဥ်နှစ်စီးနှင့် မင်းအောင်လှိုင်က ဂျက်လေယာဥ်တစ်စီးကို သပြေခက်ဖြင့် ပက်နေသည်ကို တွေ့ရစဥ်)

“​ဟေ​ကောင်မင်းတို့လုပ်​နေတာကြာ​နေပြီ မြန်မြန်လုပ်စမ်း”ဟု စစ်ဦးစီးဌာနမှ အရာရှိက ​​ဖြေကြား​ပေး​နေ​သော ဗိုလ်ကြီးကို ​ဒေါသတကြီး​အော်ဟစ်​နေသည်ကိုလည်း​ ကြားရသည်။

​ဖောက်ခွဲတိုက်ခိုက်ခံရ​သော ​လေယာဥ်သည် ရုရှားနိုင်ငံထုတ် YAK 130 တိုက်ခိုက်​ရေး​လေယာဥ်များဖြစ်ပြီး ၂၀၁၆တွင် ရုရှားမှ ၆ စီးကို စာချုပ်ချုပ် ဝယ်ယူခဲ့သည်။ ၂၀၁၈တွင် ရုရှားမှ​ရောက်ရှိလာပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ထို​လေယာဥ်များကို သ​ပြေခက်ဖြင့်ပက်၍တပ်​တော်ဝင်ခဲ့သည်။ ရုရှားမှ Yakovlov Design Bureau မှ ထုတ်လုပ်​သော YAK -130 ဖိုက်တာဂျက်​လေယာဥ်များသည်တစ်စီးလျှင် အ​မေရိကန် ​​ဒေါ်လာ ၁၅ သန်းဈေးရှိသည်။

စစ်​ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊PDF များနှင့် တိုက်ခိုက်ပြီး ၎င်းတို့အထိနာပါက တိုက်​လေယာဥ်များ ၊ရဟတ်ယာဥ်များ အသုံးပြု၍ အရပ်သားပြည်သူများရှိ​သော​နေရာများကိုပါမ​ရှောင် ပစ်ခတ် တိုက်ခိုက်ခြင်း ၊ဗုံးကြဲခြင်းများပြုလုပ်​နေသည်။

ကရင်နီပြည်နယ် ၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ကချင်ပြည်နယ် ၊စစ်ကိုင်းတိုင်း ၊ မ​ကွေးတိုင်း၊ စ​သော​ဒေသများမှ တိုင်းရင်းသားပြည်သူများမှာ စစ်​ကောင်စီတပ်၏ ​လေ​ကြောင်းမှ တိုက်ခိုက်မှုကို မကြာခဏခံ​နေရသည်။