Connect with us

Hi, what are you looking for?

News

ရေဖြူတွင် တပ်မိသား​စုကျောင်းသားများ ​ကျောင်းပို့ပြန်လာသည့်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဖောက်ခွဲမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂နာရီခန့်အကြာတွင် အကြမ်းဖက်စစ်သားအပြည့်ပါလာသည့် ကားသုံးစီးဖြင့် ရေဖြူတံတားထိပ်တွင် ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

(စစ်​ကောင်စီတပ်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

▪️က​လေးများထိခိုက်မည်စိုး၍ ​ကျောင်းပို့အပြန်မှ တိုက်ခိုက်ခြင်းဟုဆို

ထားဝယ်ခရိုင် ရေဖြုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မိသားစု​ကျောင်းသားများ ကျောင်းပို့သည့်ယာဥ် အပြန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ရေဖြူမြို့ မြစ်ကူးတံတားအနီးတွင် ကျောက်ကညာတပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်မိသားစု၏ ကျောင်းသားများကျောင်းပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သား ​ခြောက်ဦးပါသည့် ယာဉ်ကိုအပြန်နံနက် ၈နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဒေသခံကာကွယ်ရေးတပ်များက ​ပြောသည်။

ထိုတိုက်ခိုက်မူကို Launglone People Defence Force (LPDF)နှင့် Dawei Guerrilla Revolutionary Force (DGRF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက အနီးအနားကို ၁၅မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လမ်းသွား၊လမ်းလာလူငယ်များကို ရိုက်နှက်မေးမြန်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် လမ်းဘေးရှိ ထန်းရည်တဲများကိုလည်း ချက်ချင်းဖျက်ရန်နှင့် မဖျက်ပါက မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟုလည်း ဒေသခံများက ​ပြောသည်။

ဖောက်ခွဲမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂နာရီခန့်အကြာတွင် အကြမ်းဖက်စစ်သားအပြည့်ပါလာသည့် ကားသုံးစီးဖြင့် ရေဖြူတံတားထိပ်တွင် ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“စစ်သားတွေတော့ ကြီးကြီးမားမားထိခိုက်တာတော့မရှိဘူး။ PDFတွေ ကျောင်းသားကလေးတွေကို ထိခိုက်မှာစိုးလို့ အပြန်မှခွဲတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သား မည်မျှထိခိုက်ဒဏ်ရာရ၊ မည်မျှသေဆုံးသည်ကို စုံစမ်းနေဆဲဖြစ်သည်ဟု လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က စစ်တပ်ကာကင်းစခန်း ၂ခုကို သိမ်းနိုင်ခဲ့တယ်လို့ သံမဏိလိပ်ပြာတပ်ဖွဲ့က ဒီကနေ့ ဧပြီ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရားဖူးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က ပြည်သူလူထု နေထိုင်ရာကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ထဲက ရွာတရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုင်ကယ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် သြဂုတ် ၂၈ရက်က သုံးနာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်ရှိခဲ့ဟု ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားသည်။