▪️ကျန်နေသူများအတွက်စိတ်ပူဟု KNDF ဖယ်ခုံဇုန် ထုတ်ပြန်
ဖယ်ခုံမြို့နယ် မိုးဗြဲဒေသတိုက်ပွဲအတွင်း ပိတ်မိနေသည့်ပြည်သူလူထုများကို အတက်နိုင်ဆုံး ကယ်ထုတ်နေပြီး ပိတ်မိပြီး ကျန်နေသူများအတွက် စိတ်ပူပန်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

ရှမ်း – ကယား(ကရင်နီ)ပြည်နယ်စပ် မိုးဗြဲဒေသ၌ ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၆ရက်ကစပြီး တိုက်ပွဲများဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်းပိတ်မိနေသည့် ပြည်သူများစွာရှိနေသည်ဟု ဆိုသည်။

ကျန်ရှိနေသေးသည့် လူထုများအတွက် စိုးရိပူပန်ကြောင်းနှင့် ပြည်သူလူထုများအားလုံး ဘေးကင်းပါစေကြောင်း ဖယ်ခုံPDFက ထုတ်ပြန်သည်။

Public Service Announcement

ရှမ်း – ကယားနယ်စပ်တိုက်ပွဲများ၌ အထိနာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူလူထုများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက် ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၊ထိုသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) များက ထုတ်ပြန်ထားသည်။ တိုက်ပွဲကြောင့် ဒေသခံထောင်နှင့်ချီ၍ နေအိမ်များကို စွန့်ခွာကာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
