Connect with us

Hi, what are you looking for?

News

လေတပ်မှ ဗိုလ်ကြီးတစ်ဦး မိသားစုနှင့်အတူ CDM ပြုလုပ်

CDM ပြုလုပ်သူ လေတပ်ဗိုလ်ကြီးဇေသူအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဥပဒေမဲ့အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပထမဦးဆုံး လေတပ်အရာရှိတစ်ဦးဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်သူလူထုနှင့် တစ်သားထဲ ပူးပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း နွေးထွေးစွာကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း ဒီးမော့ဆို PDFက ဖိတ်ခေါ်ထားသည်။

▪️လုံခြုံသည့်နေရာစီစဉ်ပေးထားဟု ဒီးမော့ဆိုPDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ ဗိုလ်ကြီးဇေသူအောင်သည် မိသားစုနှင့်အတူ CDM ပြုလုပ်လာ၍ ကောင်းမွန်စွာကြိုဆိုပြီး လုံခြုံသည့်နေရာ စီစဉ်ပေးထားကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

နေပြည်တော် အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက်(၁၇)နှစ်ကျော် တာဝန်ထမ်းဆောင်ပြီး မန္တလေးတိုင်း ပြင်ဦးလွင်သို့ သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀)၊ လေ-၃၄၇၄ ဗိုလ်ကြီးဇေသူအောင်သည် ဒီးမော့ဆို PDFထံ ဖေဖော်ဝါရီ ၁၅ရက်တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ရန် ရောက်ရှိလာခဲ့သည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ရန် အရဲစွန့်ပြီး ပြည်သူနှင့်အတူပူးပေါင်းလာသော ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုအား ကောင်းမွန်စွာကြိုဆိုလက်ခံပြီး လုံခြုံသည့်နေရာသို့ စီစဉ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CDM ပြုလုပ်သူ လေတပ်ဗိုလ်ကြီးဇေသူအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဥပဒေမဲ့အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပထမဦးဆုံး လေတပ်အရာရှိတစ်ဦးဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်သူလူထုနှင့် တစ်သားထဲ ပူးပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း နွေးထွေးစွာကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း ဒီးမော့ဆို PDFက ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော