Connect with us

Hi, what are you looking for?

LuduNwayOo

News

လေတပ်မှ ဗိုလ်ကြီးတစ်ဦး မိသားစုနှင့်အတူ CDM ပြုလုပ်

CDM ပြုလုပ်သူ လေတပ်ဗိုလ်ကြီးဇေသူအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဥပဒေမဲ့အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပထမဦးဆုံး လေတပ်အရာရှိတစ်ဦးဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်သူလူထုနှင့် တစ်သားထဲ ပူးပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း နွေးထွေးစွာကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း ဒီးမော့ဆို PDFက ဖိတ်ခေါ်ထားသည်။

▪️လုံခြုံသည့်နေရာစီစဉ်ပေးထားဟု ဒီးမော့ဆိုPDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ ဗိုလ်ကြီးဇေသူအောင်သည် မိသားစုနှင့်အတူ CDM ပြုလုပ်လာ၍ ကောင်းမွန်စွာကြိုဆိုပြီး လုံခြုံသည့်နေရာ စီစဉ်ပေးထားကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

နေပြည်တော် အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက်(၁၇)နှစ်ကျော် တာဝန်ထမ်းဆောင်ပြီး မန္တလေးတိုင်း ပြင်ဦးလွင်သို့ သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀)၊ လေ-၃၄၇၄ ဗိုလ်ကြီးဇေသူအောင်သည် ဒီးမော့ဆို PDFထံ ဖေဖော်ဝါရီ ၁၅ရက်တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ရန် ရောက်ရှိလာခဲ့သည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ရန် အရဲစွန့်ပြီး ပြည်သူနှင့်အတူပူးပေါင်းလာသော ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုအား ကောင်းမွန်စွာကြိုဆိုလက်ခံပြီး လုံခြုံသည့်နေရာသို့ စီစဉ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CDM ပြုလုပ်သူ လေတပ်ဗိုလ်ကြီးဇေသူအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဥပဒေမဲ့အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပထမဦးဆုံး လေတပ်အရာရှိတစ်ဦးဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်သူလူထုနှင့် တစ်သားထဲ ပူးပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း နွေးထွေးစွာကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း ဒီးမော့ဆို PDFက ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။