Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်တွင်ရပ်နားထား​သော​ရေယာဥ်​ပေါ်မှစစ်တပ်ပိုင်​ကျောက်မီး​သွေးတန် ၁၈၀၀ ကိုPDFများကမီးရှို့ဖျက်ဆီး

ချင်းတွင်းမြစ်ရိုးတစ်လျှောက် မုံရွာမြို့နယ်မှစတင်၍ယင်းမာပင်၊ ကနီ၊ မင်းကင်း နယ်များအထိ အကြမ်းဖက်စစ်ကောင်စီတပ်အား ရေကြောင်းနှင့်ကုန်းကြောင်းများကပါ ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကခုခံ​တော်လှန်တိုက်ခိုက်နေကြသည်။

(​စစ်တပ်ပိုင် မြန်မာစီးပွား​ရေးဦးပိုင်၏ကျောက်မီး​သွေးများနှင့်ဖလက်ခွင်ကိုမီးရှို့ဖျက်ဆီးခဲ့​သော်လည်း ဖလက်ခွင်တာဝန်ခံနှင့်အလုပ်သမားများကိုသတိ​ပေးပြန်လွှတ်ခဲ့သည်။ ဓါတ်ပုံ-ချိုမိုင်မိုင်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) နယ်မြေအတွင်းရှိ ချင်းတွင်းမြစ်ထဲ၌ ကျောက်ချရပ်နားထားသော ရေယာဥ်ပေါ်မှ အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်မီးသွေးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းအမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်
သည်။

ဖေဖော်ဝါရီလ ၂၄ ရက် ည ၈ နာရီအချိန်က “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနှင့်အတူ “အမိမြေ” တော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်း၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) နယ်မြေအတွင်းရှိ ချင်းတွင်းမြစ်ထဲတွင် ကျောက်ချရပ်နားထားသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ပင်မစီးပွားရေး အရင်းအမြစ်ထောက်တိုက်ဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက် ရတနာစိန်မင်းဖလက်ခွင်နှင့် ကျောက်မီးသွေး (၁၈၀၀) မက်ထရစ်တန်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ယမန်နေ့( ဖေဖော်ဝါရီလ ၂၅ ရက်နေ့)တွင် အသိပေးသည်။

ကျောက်မီးသွေးဖလက်ခွင်ပေါ်တွင်ပါလာသော တာဝန်ခံနှင့်အခြားအလုပ်သမားများကိုလည်း ဆက်လက်၍ စစ်ကောင်စီ၏ စီးပွားရေးအကျိုးအမြတ်နှင့်သက်ဆိုင်သော အလုပ်များကိုမလုပ်ကြရန် သတိပေးတားမြစ်ခဲ့ပြီး အေးအေးချမ်းချမ်း ပြန်လွှတ်ပေးခဲ့ကြောင်းလည်း အမိ​မြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ချင်းတွင်းမြစ်ရိုးတစ်လျှောက် မုံရွာမြို့နယ်မှစတင်၍ယင်းမာပင်၊ ကနီ၊ မင်းကင်း နယ်များအထိ အကြမ်းဖက်စစ်ကောင်စီတပ်အား ရေကြောင်းနှင့်ကုန်းကြောင်းများကပါ ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကခုခံ​တော်လှန်တိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။