Connect with us

Hi, what are you looking for?

News

ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့ (၄၉)မှ ရဲမှူးမြင့်​အောင် အား စစ်​ကောင်စီဖမ်းဆီး

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းစိန် မှု့ခင်းရဲတပ်ဖွဲ့ (CID)မှ ဒုရဲမှူးကြီးဇော်ဝင်းနှင့် ယင်းမာပင်ခရိုင်မှူး ဒုရဲမှူးကြီးအောင်နွယ်ဦး တို့ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးနေသည်ဟု တပ်တွင်း သတင်းရင်းမြစ်များက အသိပေးထားသည်။

(ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်း​နေ​သော စစ်​ကောင်စီလက်ပါး​စေ ရဲများကို ၂၀၂၁ မတ်လ၃ရက်က ​တွေ့ရစဥ် ၊ ဓာတ်ပုံ - PS)

▪️Non CDMရဲများကို စစ်​ကောင်စီ ယုံကြည်မှုမရှိ​တော့ဟု CDMရဲတပ်ဖွဲ့ သုံးသပ်

ဧရာဝတီတိုင်း မူးယစ်တပ်ဖွဲ့စု (၄၉)မှ ရဲမှူးမြင့်အောင်အား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး သွားကြောင်း CDM ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် Myanmar Police CDM Channel – MPCCက ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) ထုတ်ပြန်သည်။

အဆိုပါ ရဲမှူးမြင့်အောင်အား နေပြည်တော်မှအပြန်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသွားသည့်အကြောင်း အရာ တစ်စုံတစ်ရာမသိရသေးဟု MPCCက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းစိန် မှု့ခင်းရဲတပ်ဖွဲ့ (CID)မှ ဒုရဲမှူးကြီးဇော်ဝင်းနှင့် ယင်းမာပင်ခရိုင်မှူး ဒုရဲမှူးကြီးအောင်နွယ်ဦး တို့ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးနေသည်ဟု တပ်တွင်း သတင်းရင်းမြစ်များက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယခု ဖြစ်စဥ်သည်လည်း အကြမ်းဖက်စစ်ကောင်စီသည် Non CDM ရဲများအား ယုံကြည်မှုမရှိဘဲ မျက်ခြေမပြတ်စောင့်ကြည့်နေသည်ဟုလည်း MPCCက သုံးသပ်သည်။

ထို့အပြင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အနေဖြင့် နယ်မြေသတင်းများနှင့် ဖမ်းဆီးရေးဆောင်ရွက်ရာတွင်လည်း သတင်းချပြပေါင်းစပ်မှုမရှိဘဲ အရပ်သားသတင်းပေးများမွေးမြူကာ ရဲများအား ပြန်လည်စောင့်ကြည့်ခြင်းများပြုလုပ်နေသည်ဟုလည်း MPCC က ဆိုသည်။

ထို့အပြင် တပ်တွင်းသတင်းများ ပေါက်ကြားနေမှုများအပေါ် ထိန်းချုပ်နိုင်ရန် လျှို့ဝှက်အဖွဲ့ငယ်များ ဖွဲ့စည်းကာ အချင်းချင်းစောင့်ကြည့်နေကြောင်း တပ်တွင်းဖရဲသီးများ သတင်းပေးပို့ချက်ကို MPCCက ကိုးကား၍ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။