Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်ရှိ သ​ပြေ​အေးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

“အဲဒီမှာ သူတို့ မီးရှို့တာက ဘုန်းကြီးကျောင်းရော အကုန်လုံးလောင်သွားတယ်ပြောတယ်။ ချင်းပုန်းက တစ်ဖွဲ့သီးသန့်၊ သပြေအေးက သီးသန့်၊ ရဟတ်ယာဉ်နဲ့ ဝဲပြီးချထားပြီးတော့ စီးနင်းတာနဲ့တူတယ်။ အခု သပြေအေးလည်း သူတို့ နေရာဝင်ယူသွားတာ”ဟု ၎င်းက ဆိုသည်။

(သ​ပြေ​အေးရွာကို စစ်​ကောင်စီတပ် မီးရှို့​နေစဥ်၊ ဓာတ်ပုံ - ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြား​ရေး)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ သပြေအေး​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ထပ်မံမီးရှို့၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးလောင်ခဲ့ကြောင်း ယင်းမာပင်နယ်ခံက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကြာသေးမီရက်ပိုင်းအတွင်းက ယင်းမာပင်မြို့နယ် ချင်းပုန်းရွာကို ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နေအိမ်၊ ကား၊ ဆိုင်ကယ် စသည့် ပြည်သူလူထုပိုင် ပစ္စည်းများကို မီးရှို့ကာ ဒေသခံ ၉ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု ယင်းမာပင်နယ်ခံက ပြောသည်။

Public Service Announcement

ယနေ့တွင် ချင်းပုန်းနှင့် ၅ မိုင်ခန့် အကွာရှိသော သပြေအေးရွာသို့လည်း ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်သားများချကာ ရွာကို မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲဒီမှာ သူတို့ မီးရှို့တာက ဘုန်းကြီးကျောင်းရော အကုန်လုံးလောင်သွားတယ်ပြောတယ်။ ချင်းပုန်းက တစ်ဖွဲ့သီးသန့်၊ သပြေအေးက သီးသန့်၊ ရဟတ်ယာဉ်နဲ့ ဝဲပြီးချထားပြီးတော့ စီးနင်းတာနဲ့တူတယ်။ အခု သပြေအေးလည်း သူတို့ နေရာဝင်ယူသွားတာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သပြေအေးရွာ ဖြစ်စဉ်တွင် အရပ်သားသေဆုံးမှု အခြေအနေကို မကြားသိရသေးဘဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံက ပြောသည်။

“နယ်မြေအခြေအနေက စစ်ခွေးတွေ ဒီလိုမျိုး ဒုက္ခပေးနေတော့ ပြည်သူတွေက ပတ်ပြေးနေရတယ်။ အခုဆိုရင် သပြေအေးပတ်ဝန်းကျင်က အိုးဘိုတို့၊ ကျောက်ပြုတ်တို့ အကုန်လုံး ထွက်ပြေးကုန်ကြရတာ”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်