Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်နယ်ရှိ သ​ပြေ​အေးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

“အဲဒီမှာ သူတို့ မီးရှို့တာက ဘုန်းကြီးကျောင်းရော အကုန်လုံးလောင်သွားတယ်ပြောတယ်။ ချင်းပုန်းက တစ်ဖွဲ့သီးသန့်၊ သပြေအေးက သီးသန့်၊ ရဟတ်ယာဉ်နဲ့ ဝဲပြီးချထားပြီးတော့ စီးနင်းတာနဲ့တူတယ်။ အခု သပြေအေးလည်း သူတို့ နေရာဝင်ယူသွားတာ”ဟု ၎င်းက ဆိုသည်။

(သ​ပြေ​အေးရွာကို စစ်​ကောင်စီတပ် မီးရှို့​နေစဥ်၊ ဓာတ်ပုံ - ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြား​ရေး)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ သပြေအေး​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ထပ်မံမီးရှို့၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးလောင်ခဲ့ကြောင်း ယင်းမာပင်နယ်ခံက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကြာသေးမီရက်ပိုင်းအတွင်းက ယင်းမာပင်မြို့နယ် ချင်းပုန်းရွာကို ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နေအိမ်၊ ကား၊ ဆိုင်ကယ် စသည့် ပြည်သူလူထုပိုင် ပစ္စည်းများကို မီးရှို့ကာ ဒေသခံ ၉ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု ယင်းမာပင်နယ်ခံက ပြောသည်။

Public Service Announcement

ယနေ့တွင် ချင်းပုန်းနှင့် ၅ မိုင်ခန့် အကွာရှိသော သပြေအေးရွာသို့လည်း ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်သားများချကာ ရွာကို မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲဒီမှာ သူတို့ မီးရှို့တာက ဘုန်းကြီးကျောင်းရော အကုန်လုံးလောင်သွားတယ်ပြောတယ်။ ချင်းပုန်းက တစ်ဖွဲ့သီးသန့်၊ သပြေအေးက သီးသန့်၊ ရဟတ်ယာဉ်နဲ့ ဝဲပြီးချထားပြီးတော့ စီးနင်းတာနဲ့တူတယ်။ အခု သပြေအေးလည်း သူတို့ နေရာဝင်ယူသွားတာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သပြေအေးရွာ ဖြစ်စဉ်တွင် အရပ်သားသေဆုံးမှု အခြေအနေကို မကြားသိရသေးဘဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံက ပြောသည်။

“နယ်မြေအခြေအနေက စစ်ခွေးတွေ ဒီလိုမျိုး ဒုက္ခပေးနေတော့ ပြည်သူတွေက ပတ်ပြေးနေရတယ်။ အခုဆိုရင် သပြေအေးပတ်ဝန်းကျင်က အိုးဘိုတို့၊ ကျောက်ပြုတ်တို့ အကုန်လုံး ထွက်ပြေးကုန်ကြရတာ”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။