Connect with us

Hi, what are you looking for?

News

ရန်ကုန်ရှိ Night Club၊ Bar နှင့် KTVများကို တိုက်ခိုက်​သွားမည်ဟု JBF သတိ​ပေး၊ Transporter Barကို သတိ​ပေး တိုက်ခိုက်

“ကျွန်တော်တို့မှာ ရန်သူ့ရဲ့ Power တွေဖြစ်တဲ့ Men Power၊ Material Power ၊Money Power ဒီသုံးခုက အဓိကကျတယ်၊ရန်ကုန်မြို့ရဲ့ Night Club ၊KTVတွေ နဲ့ Bar တွေဟာ အဓိကကျတဲ့ Money Power တွေဖြစ်ပါတယ်။ ဆက်လက်တိုက်ခိုက်သွားဖို့လည်းအစီအစဉ်ရှိပါတယ်။ မနေ့ကတော့ သတိပေးတဲ့ အဆင့်ပဲရှိပါသေးတယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

(Transporter Bar၌ သီဆို​​​ဖျော်​ဖြေ​နေသည်ကို ​တွေ့ရစဥ်)

▪️၎င်းဆိုင်များက စစ်​ကောင်စီထံ ​ငွေ​ကြေး​ထောက်ပံ့​ပေး​နေ​သော အဓိက​နေရာဖြစ်၍ ပြည်သူများအ​နေဖြင့် ထို​နေရာများသို့ မသွားကြရန် ​မေတ္တာရပ်ခံ

ရန်ကုန်မြို့ရှိ Night Club ၊ Barနှင့် ‌KTV များသည် အကြမ်းဖက်စစ်ကောင်စီအတွက် ငွေထောက်ပံ့ပေးနေသည့် အဓိကနေရာများဖြစ်သောကြောင့် တိုက်ခိုက်သွားမည်ဟု တရားမျှတမှု ယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)မှတာဝန်ရှိသူတစ်ဦးက လူထု​နွေဦးမှတဆင့် ပြောကြားသည်။

“ကျွန်တော်တို့မှာ ရန်သူ့ရဲ့ Power တွေဖြစ်တဲ့ Men Power၊ Material Power ၊Money Power ဒီသုံးခုက အဓိကကျတယ်၊ရန်ကုန်မြို့ရဲ့ Night Club ၊KTVတွေ နဲ့ Bar တွေဟာ အဓိကကျတဲ့ Money Power တွေဖြစ်ပါတယ်။ ဆက်လက်တိုက်ခိုက်သွားဖို့လည်းအစီအစဉ်ရှိပါတယ်။ မနေ့ကတော့ သတိပေးတဲ့ အဆင့်ပဲရှိပါသေးတယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

JBF အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်ညက တောင်ဥက္ကလာမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ Transporter Bar ကို သတိပေးသည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“Transporter Bar က စစ်တပ်ထောက်ခံနေတာကြောင့် ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာပါ​။ Yangon ရဲ့ Night Life မှာ မူးယစ်ဆေးဝါးတွေ၊ အပျော်အပါးတွေနဲ့ လူငယ်တွေကို တော်လှန်ရေးကို မပါဝင်အောင် ဒီ Bar တွေ Club တွေက Strategy အမျိုးမျိုးနဲ့ ဆွဲဆောင်နေတာကြောင့် တိုက်ခိုက်ခဲ့တာပါ”ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ပြည်သူများထိခိုက်မှုမရှိစေရန်ဂရုစိုက် ‌လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်အတွက် ငွေကြေးထောက်ပံ့ပေးသည့်နေရာများကို တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ယင်းနေရာများသို့မသွားရန် ၎င်းကမေတ္တာရပ်ခံသည်။

တိုက်ခိုက်ရေးပြုလုပ်သောကုန်ကျစရိတ်များကြောင့် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်၍ JBF အဖွဲ့က အလှူငွေများလက်ခံနေပြီး လှူဒါန်းလိုသူများအနေဖြင့် ၎င်းတို့၏ ပေ့ခ်ျ၌ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်။

“စစ်တိုက်နေတာဆိုတော့ ငွေကတော့ လောက်ငှတယ်လို့တော့ ဘယ်ရှိပါ့မလဲဗျာ၊ အလှူခံရင်လည်း တစ်ချို့လှူပေးနေတဲ့သူတွေရှိပါတယ်။ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားကသာသူတို့ရဲ့ မရှိမဲ့၊ရှိမဲ့ ပိုက်ဆံလေးတွေကို လှူပေးကြတာပါ။ လူချမ်းသာတွေသာ တော်လှန်ရေးမှာ အများကြီးအားဖြည့်ကူညီပေးရင် ဒီ့ထက်ပိုထိရောက်အောင် ဆောင်ရွက်နိုင်မှာပါ”ဟု JBF ၏တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးသမားများကို ဖယ်ကျဉ်ခံရမှုများရှိလာသောကြောင့် အလှူခံရသည့် အတွက်လည်း စိတ်မကောင်းကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အဖွဲ့က အလှူငွေထည့်ဖို့တော့ ဖိအားမပေးပါဘူး။ တော်လှန်ရေးကို တကယ်အောင်မြင်စေချင်တဲ့စိတ်ရှိရင်လှူပေးကြပေါ့ဗျာ၊ လှူမယ့်သူမရှိရင် ရတဲ့နည်းနဲ့ ကျွန်တော်တို့က တိုက်ခိုက်နေဦးမှာပါ။ တော်လှန်နေဦးမှာပါ”ဟု ၎င်းကပြောသည်။

ယမန်နေ့ညက ဖြစ်စဉ်နှင့်ပတ်သက်၍ Transporter Bar အနေဖြင့် တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိဘဲ မတ်လ ၂ ရက်ညတွင် အဆိုတော် ဂျက်မြသောင်းလာရောက်ဖျော်ဖြေမည့်အကြောင်းလည်း ကြေညာထား သည်ကို‌ တွေ့ရသည်။

အဆိုတော် ဂျက်မြသောင်းသည် ယင်းBar တွင် သီဆိုဖျော်‌ဖြေလေ့ရှိပြီး ဖေဖော်ဝါရီ ၂၃ နှင့် ၂၆ရက်ကလည်း ဖျော်ဖြေပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စစ် ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးချုပ်ဝင်းကို ယမန်နေ့ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ အသိပေးထုတ်ပြန်သည်။

သတင်း

ရန်ကုန်တိုင်းရှိ မြို့နယ်များကို ၄နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးတော့မည်ဟု အဆိုပါမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက ကြေညာသည်။

သတင်း

ရန်ကုန်မြို့၌ အလှည့်ကျမီးပေးစနစ်ကို တစ်ချိန်ထပ်တိုးမည်ဖြစ်ပြီး နံနက် ၅နာရီ အဆိုင်းကိုထပ်တိုးခြင်းဖြစ်သောကြောင့် အဆင်မပြေမှုများရှိကြောင်း ‌‌မြို့ပြနေပြည်သူများက ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

Trending

Facebook