Connect with us

Hi, what are you looking for?

News

ရွှေဘိုနယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဟု နတ်တောင်နဂါးတပ်ပြော

မိုင်းဆွဲခဲ့သည့် နေရာတွင်ပင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူလည်းများသည်ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၈ ရက်)က နေ့လည် ၂ နာရီခန့်က မခေါက်ရွာနှင့် ဟသ်ာကြီရွာ ဘက်သို့ အကြမ်း ဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဟု ဆိုသည်။

ထိုစဥ် နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်GHOST RIDER Spical Task Force MDY နှစ်ဖွဲ့ပူးပေါင်းကာ ရှေ့ထွက်မိုင်းခြောက်လုံးဖြင့် အဝေးထိန်းစနစ်သုံး၍ ဖေါက်ခွဲတိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲခဲ့သည့် နေရာတွင်ပင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူလည်းများသည်ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“ရေကြောင်းကနေ မော်တော်နဲ့လာတာ သုံးဆယ်လောက်ရှိတယ်။ပြီးတော့ မြေပြင်ကနေ ဆိုင်ကယ်တွေနဲ့ လာတာ။နယ်မြေ လာကြည့် တာ ဒါမှမဟုတ် မိုင်းရှင်းဖို့လာတာမျိုးလို့ ယူဆရတယ်။ကျွန်တော်တို့အဖွဲ့တွေကတော့ သူတို့ လာမှာသိတဲ့အတွက် ကြိုစောင့်ပြီး မိုင်းဆွဲနိုင်ခဲ့တာ”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရွှေဘိုမြို့အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုကို အင်တာနက်လိုင်းများ ဖြတ်တောက်ကာ နေ့စဥ် စစ်ကြောင်းထိုး၍ ကျေးရွာများမီးရှို့ခြင်း၊ပြည်သူများအားသတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများအား မုဒိန်းကျင့်မှုများအပါအဝင် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook