Connect with us

Hi, what are you looking for?

News

ပြင်သစ်-ဂျာမနီလူ့အခွင့်အရေးဆု ဒေါ်မေစံပယ်ဖြူ ရရှိ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ တရားဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းလာစေရန် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရေး ကဏ္ဍများတွင် ဒေါ်မေစံပယ်ဖြူက တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဆု Franco-German Prize for Human Rights လက်ခံရရှိသည့် ဒေါ်မေစံပယ်ဖြူကို ဂုဏ်ပြုကြောင်း ပြင်သစ်နှင့်ဂျာမနီသံရုံးတို့က ယနေ့ထုတ်ပြန်ကြေညာသည်။

“ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံကိုကူညီဆောင်ရွက်ပေးနေသူ အများအပြားထဲမှ အတုယူစရာ မြန်မာအမျိုးသမီး တစ်ဦး ဖြစ်သည့် မေစံပယ်ဖြူအား Franco-German Prize for Human Rights ဆုကို ပြင်သစ် နှင့် ဂျာမနီသံရုံးများမှ ဂုဏ်ယူစွာဖြင့် ချီးမြှင့်လိုက်ခြင်းဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမျိုးသမီးအခွင့်အရေးအတွက် ထောက်ခံအားပေးသည့် အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်၏ မဟာမိတ်အဖွဲ့ဖြစ်သည့် Gender Equality Network တည်ထောင်သူ ဒေါ်မေစံပယ်ဖြူသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ တိုင်းရင်းသားများနှင့် ဘာသာရေး လူနည်းစုများအတွက် အပြည့်အ၀ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းရာတွင် အချိန်အတော်ကြာကတည်းက ပါဝင်လှုပ်ရှား ခဲ့သူဖြစ်ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ တရားဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းလာစေရန် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရေး ကဏ္ဍများတွင် ဒေါ်မေစံပယ်ဖြူက တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်မေစံပယ်ဖြူသည် ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရန်နှင့် အမျိုးသမီးအခွင့်အရေးများကို ကာကွယ်ရန် အခြားသောအမျိုးသမီးအဖွဲ့/ကွန်ရက်များနှင့်အတူ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

နိုင်ငံတကာ

ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။