Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြင်သစ်-ဂျာမနီလူ့အခွင့်အရေးဆု ဒေါ်မေစံပယ်ဖြူ ရရှိ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ တရားဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းလာစေရန် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရေး ကဏ္ဍများတွင် ဒေါ်မေစံပယ်ဖြူက တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဆု Franco-German Prize for Human Rights လက်ခံရရှိသည့် ဒေါ်မေစံပယ်ဖြူကို ဂုဏ်ပြုကြောင်း ပြင်သစ်နှင့်ဂျာမနီသံရုံးတို့က ယနေ့ထုတ်ပြန်ကြေညာသည်။

“ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံကိုကူညီဆောင်ရွက်ပေးနေသူ အများအပြားထဲမှ အတုယူစရာ မြန်မာအမျိုးသမီး တစ်ဦး ဖြစ်သည့် မေစံပယ်ဖြူအား Franco-German Prize for Human Rights ဆုကို ပြင်သစ် နှင့် ဂျာမနီသံရုံးများမှ ဂုဏ်ယူစွာဖြင့် ချီးမြှင့်လိုက်ခြင်းဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမျိုးသမီးအခွင့်အရေးအတွက် ထောက်ခံအားပေးသည့် အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်၏ မဟာမိတ်အဖွဲ့ဖြစ်သည့် Gender Equality Network တည်ထောင်သူ ဒေါ်မေစံပယ်ဖြူသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ တိုင်းရင်းသားများနှင့် ဘာသာရေး လူနည်းစုများအတွက် အပြည့်အ၀ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းရာတွင် အချိန်အတော်ကြာကတည်းက ပါဝင်လှုပ်ရှား ခဲ့သူဖြစ်ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ တရားဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းလာစေရန် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရေး ကဏ္ဍများတွင် ဒေါ်မေစံပယ်ဖြူက တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်မေစံပယ်ဖြူသည် ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရန်နှင့် အမျိုးသမီးအခွင့်အရေးများကို ကာကွယ်ရန် အခြားသောအမျိုးသမီးအဖွဲ့/ကွန်ရက်များနှင့်အတူ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ထိုသို့ ပြည်သူလူထုအား အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေခြင်းသည် KNUဖာပွန်ခရိုင် အတွင်းသာမက အခြားခရိုင်များနှင့် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင်လည်း အဆက်မပြတ်လုပ်ဆောင်နေသည်ဟု ဆိုသည်။

သတင်း

မြန်မာ့ရေတပ် စစ်သင်္ဘောအတွက် စက်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးအပ်ခဲ့သည့် အခြားကုမ္ပဏီများကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးပါရန် ဂျာမန်အာဏာပိုင်များကို Justice For Myanmar က တောင်းဆိုသည်။

သတင်း

အာဏာသိမ်း စစ်တပ်က သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှုတွေ အပြင်းအထန် ကျူးလွန်နေတဲ့တိုင် Sky Newsရဲ့ သတင်းထောက်ချုပ် စတူးဝပ် ရမ်းဆေးဟာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေရဲ့ တောတွင်း ဆေးရုံတစ်ခုဆီ အရောက်သွားခဲ့ပြီး စစ်ပွဲရဲ့ ထိခိုက်သက်ရောက်မှုတွေကို မျက်မြင် သတင်းယူခဲ့ပါတယ်။

သတင်း

၅၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် အထက်ပါဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း လိုအပ်ချက်၊ အားနည်းချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထောက်ပြခဲ့သည်။