Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက် စစ်​​ကောင်စီတပ်ကနေရာပေါင်း ၁၈၀ကျော်မှ အိမ်ခြေ၆,၇၀၀ကျော် မီးရှို့ဖျက်ဆီး

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် မတ်လ ၇ရက်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့၍ ပျက်စီးသွားတဲ့ လူနေအိမ် စုစုပေါင်း အခြေအနေများကို ခန့်မှန်းဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​နေသည်ကို ​ဖေ​ဖော်ဝါရီ၂၈ရက်က ​တွေ့ရစဥ်)

▪️အိမ်ခြေ ၄,၅၀၀ ကျော်မှာ ယခုနှစ်အတွင်း မီးရှို့ခံရခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း နေရာပေါင်း ၁၈၆နေရာမှ လူနေအိမ်ခြေ ၆,၇၁၉ လုံးကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Data For Myanmar က ယနေ့ ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် မတ်လ ၇ရက်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့၍ ပျက်စီးသွားတဲ့ လူနေအိမ် စုစုပေါင်း အခြေအနေများကို ခန့်မှန်းဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​နေသည်ကို ​ဖေ​ဖော်ဝါရီ၂၈ရက်က ​တွေ့ရစဥ်)

ထိုသို့ ထုတ်ပြန်ရာတွင် သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည့် တိုက်ပွဲသတင်းများနှင့် နေအိမ်မီးရှို့ခံရသည့် သတင်းများကို စိစစ်ထားခြင်းဖြစ်ကြောင်း၊ ဒေသခံ လူအခွင့်အရေးအဖွဲ့များနှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများကိုလည်း အခြေခံထားကြောင်း ဖော်ပြထားသည်။ မပြည့်စုံသည့် အချက်အလက်များ ချန်ထားခဲ့ရ၍ မြေပြင်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များက မီးရှို့သည့် အိမ်အရေအတွက် ယခုစာရင်းထက် ပိုများနိုင် သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

Data For Myanmar ကထုတ်ပြန်သည့် စာရင်းများအရ စစ်ကောင်စီတပ်က မီးရှို့၍ စစ်ကိုင်းတိုင်းတွင် အိမ်ခြေ ၄,၀၀၀ နီးပါး၊ မကွေးတိုင်းတွင် အိမ်ခြေ ၁,၁၀၀ ကျော်၊ ချင်းပြည်နယ်တွင် အိမ်ခြေ ၁,၁၀၀ ကျော်၊ ကယားပြည်နယ်တွင် အိမ်ခြေ ၃၁၀ကျော်၊ ရှမ်းပြည်နယ်တွင် အိမ်ခြေ ၉၀ကျော်နှင့် မန္တလေး၊ ပဲခူး၊ တနင်္သလာရီ၊ ကရင်နှင့် ကချင်ဒေသများရှိ ပြည်သူလူထု နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ရသည်။

(စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​နေသည်ကို ​ဖေ​ဖော်ဝါရီ၂၈ရက်က ​တွေ့ရစဥ်)

ထိုသို့ မီးရှို့ဖျက်ဆီးရာ၌ ယခုနှစ် ဖေဖော်ဝါရီအတွင်း အများဆုံးဖြစ်ပြီး ယင်းတစ်လတည်း၌ အိမ်ခြေ သုံးထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟုဆိုသည်။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ စုစုပေါင်း ၆၇၀၀ ကျော်အနက် ယခု နှစ် ဇန်နဝါရီမှ မတ်လ ၇ရက်နေ့အထိ ရက်ပေါင်း ၆၀ကျော်အတွင်း အိမ်ခြေ ၄,၅၀၀ ကျော်မီးလောင်ပျက်ဆီးခဲ့ရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းပိုင်းမှစ၍ ကျေးရွာများကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးမှုများ တိုး၍ ပြုလုပ်လာသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။