Connect with us

Hi, what are you looking for?

News

မြစ်ငယ်မှာ ရပ်ကွက်အချို့ကို ကျုးကျော်လို့သတ်မှတ်ကာ စစ်ကောင်စီ အင်အားသုံးဖယ်ရှားနေ

မြစ်ငယ်မှာ CDM ပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်း အများအပြား နေထိုင်ကြသလို အဲဒီဝန်ထမ်းတွေကိုလည်း ဝန်ထမ်းလိုင်းခန်းကနေ ရက်ပိုင်းအတွင်း အပြီး ပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါတယ်။

မီးရထားအလုပ်ရုံတွေ တည်ရှိတာကြောင့် လူသိများတဲ့ မန္တလေးတိုင်း ၊မြစ်ငယ်မြို့က ရပ်ကွက်အချို့ ကို ကျုးကျော်လိုသတ်မှတ်ကာ စစ်ကောင်စီက နေအိမ်တွေ ၊လိုင်းခန်းတွေကို ဖျက်ပြီး ပြောင်းရွှေ့ခိုင်းနေပါတယ်။

မြစ်ငယ်မှာ CDM ပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်း အများအပြား နေထိုင်ကြသလို အဲဒီဝန်ထမ်းတွေကိုလည်း ဝန်ထမ်းလိုင်းခန်းကနေ ရက်ပိုင်းအတွင်း အပြီး ပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါတယ်။

မတ်လ ၅ ရက်နေ့ကတော့ မြစ်ငယ်ကို စစ်ကောင်စီတပ်တွေပိတ်ဆို့လိုက်ကာ CDM လုပ်ထားတဲ့ဝန်ထမ်းတွေကို လိုင်းခန်းကနေ ထွက်ခွာဖို့ သတိပေးစာ ကပ်တာ ၊ ခြိမ်းခြောက်တာတွေလုပ်ခဲ့တာရှိပါတယ်။

“အခုတော့ ပစ္စည်းတွေသယ်နေပြီ၊ ကျွန်တော်ကတော့ မိဘတွေအိမ်ပြန်နေရတော့မှာပေါ့၊ တခြားသူတွေကတော့ ဈေးသက်သာတဲ့နေရာမှာ အိမ်ငှားအဖြစ်နဲ့ငှားနေကြမှာ” လို့ CDM မီးရထားဝန်ထမ်းတစ်ဦးက မတ်လ. ၉ ရက်မှာ လူထုနွေဦးသတင်းဌာနကို အခြေအနေပြောပြပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပဲ မြို့ပေါ်က လူနေရပ်ကွက် ကြီး ၇ ခုလောက်က နေအိမ်တွေကို ကျုးကျော်အဖြစ်သတ်မှတ်ကာ ဘူဒိုဇာတွေသုံးပြီး စစ်ကောင်စီက ဖယ်ရှားရှင်းလင်းတာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

လူနေအိမ်တွေကို ဖယ်ရှားတာဟာ လမ်းမြေဧရိယာမှာ နေထိုင်တာ ၊ခွင့်ပြုချက်မရှိဘဲနေထိုင်တာ ၊မြေဂရန် ချပေးချိန်က စီမံကိန်းဧရိယာထဲ ရောက်သွားရင် ဖယ်ရှားပေးမယ်ဆိုတဲ့ အချက်တွေကြောင့်လို့ စစ်ကောင်စီကဘက်ကအကြောင်းပြထားပါတယ်။

ဒါပေမယ့် ဒီလို ဖယ်ရှားခံရတဲ့ရပ်ကွက်အချို့ဟာ CDM လုပ်ထားတဲ့ဝန်ထမ်းမိသားစုတွေ နေထိုင်နေတဲ့ ရပ်ကွက်တွေလည်းပါဝင်တယ်လို့သိရပါတယ်။

မြစ်ငယ်မြို့ဟာ မန္တလေးခရိုင်အတွင်းမှာ တည်ရှိပြီး မန္တလေးမြို့ကနေ ၉ မိုင်ခန့်ကွာဝေးကာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

မီးရထားအလုပ်ရုံတွေ ရှိတာကြောင့် မြစ်ငယ်မြို့ဟာ မီးရထားဝန်ထမ်းတွေအဓိက နေထိုင်ရာမြို့လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။