Connect with us

Hi, what are you looking for?

News

မြစ်ငယ်မှာ ရပ်ကွက်အချို့ကို ကျုးကျော်လို့သတ်မှတ်ကာ စစ်ကောင်စီ အင်အားသုံးဖယ်ရှားနေ

မြစ်ငယ်မှာ CDM ပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်း အများအပြား နေထိုင်ကြသလို အဲဒီဝန်ထမ်းတွေကိုလည်း ဝန်ထမ်းလိုင်းခန်းကနေ ရက်ပိုင်းအတွင်း အပြီး ပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါတယ်။

မီးရထားအလုပ်ရုံတွေ တည်ရှိတာကြောင့် လူသိများတဲ့ မန္တလေးတိုင်း ၊မြစ်ငယ်မြို့က ရပ်ကွက်အချို့ ကို ကျုးကျော်လိုသတ်မှတ်ကာ စစ်ကောင်စီက နေအိမ်တွေ ၊လိုင်းခန်းတွေကို ဖျက်ပြီး ပြောင်းရွှေ့ခိုင်းနေပါတယ်။

မြစ်ငယ်မှာ CDM ပြုလုပ်ထားတဲ့ မီးရထားဝန်ထမ်း အများအပြား နေထိုင်ကြသလို အဲဒီဝန်ထမ်းတွေကိုလည်း ဝန်ထမ်းလိုင်းခန်းကနေ ရက်ပိုင်းအတွင်း အပြီး ပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါတယ်။

မတ်လ ၅ ရက်နေ့ကတော့ မြစ်ငယ်ကို စစ်ကောင်စီတပ်တွေပိတ်ဆို့လိုက်ကာ CDM လုပ်ထားတဲ့ဝန်ထမ်းတွေကို လိုင်းခန်းကနေ ထွက်ခွာဖို့ သတိပေးစာ ကပ်တာ ၊ ခြိမ်းခြောက်တာတွေလုပ်ခဲ့တာရှိပါတယ်။

“အခုတော့ ပစ္စည်းတွေသယ်နေပြီ၊ ကျွန်တော်ကတော့ မိဘတွေအိမ်ပြန်နေရတော့မှာပေါ့၊ တခြားသူတွေကတော့ ဈေးသက်သာတဲ့နေရာမှာ အိမ်ငှားအဖြစ်နဲ့ငှားနေကြမှာ” လို့ CDM မီးရထားဝန်ထမ်းတစ်ဦးက မတ်လ. ၉ ရက်မှာ လူထုနွေဦးသတင်းဌာနကို အခြေအနေပြောပြပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပဲ မြို့ပေါ်က လူနေရပ်ကွက် ကြီး ၇ ခုလောက်က နေအိမ်တွေကို ကျုးကျော်အဖြစ်သတ်မှတ်ကာ ဘူဒိုဇာတွေသုံးပြီး စစ်ကောင်စီက ဖယ်ရှားရှင်းလင်းတာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

လူနေအိမ်တွေကို ဖယ်ရှားတာဟာ လမ်းမြေဧရိယာမှာ နေထိုင်တာ ၊ခွင့်ပြုချက်မရှိဘဲနေထိုင်တာ ၊မြေဂရန် ချပေးချိန်က စီမံကိန်းဧရိယာထဲ ရောက်သွားရင် ဖယ်ရှားပေးမယ်ဆိုတဲ့ အချက်တွေကြောင့်လို့ စစ်ကောင်စီကဘက်ကအကြောင်းပြထားပါတယ်။

ဒါပေမယ့် ဒီလို ဖယ်ရှားခံရတဲ့ရပ်ကွက်အချို့ဟာ CDM လုပ်ထားတဲ့ဝန်ထမ်းမိသားစုတွေ နေထိုင်နေတဲ့ ရပ်ကွက်တွေလည်းပါဝင်တယ်လို့သိရပါတယ်။

မြစ်ငယ်မြို့ဟာ မန္တလေးခရိုင်အတွင်းမှာ တည်ရှိပြီး မန္တလေးမြို့ကနေ ၉ မိုင်ခန့်ကွာဝေးကာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

မီးရထားအလုပ်ရုံတွေ ရှိတာကြောင့် မြစ်ငယ်မြို့ဟာ မီးရထားဝန်ထမ်းတွေအဓိက နေထိုင်ရာမြို့လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။