Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒုရဲမှူးကြီး​ဇော်ဝင်းကို ​​​ထောင် ၃ နှစ်ချခံရ

မှုခင်းရဲတပ်ဖွဲ့(အင်းစိန်-စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီးဇော်ဝင်းကို သည် ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးခံရပြီး မတ်လ ၁၀ရက်တွင် အမိန့်ချခံရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် ဖမ်းဆီးခံထားရသည့်အင်းစိန်စီအိုင်ဒီမှ ဒုတိယရဲမှူးကြီးဇော်ဝင်းကို အားအကြမ်းဖက်စစ်ကောင်စီက ထောင်သုံးနှစ် ချမှတ်လိုက်သည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကသတင်းပေးပို့သည်။

မှုခင်းရဲတပ်ဖွဲ့(အင်းစိန်-စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီးဇော်ဝင်းကို သည် ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးခံရပြီး မတ်လ ၁၀ရက်တွင် အမိန့်ချခံရခြင်းဖြစ်သည်။

” ဆရာဦးဇော်ဝင်း(ဒုရဲမှုးကြီးဇော်ဝင်း)ကို နေပြည်တော်မှာအမိန့်ချတာ။ စိတ်ပျက်စရာကောင်းတဲ့ တရားရေးပဲ”ဟုရဲမှုးတစ်ဦးကပြောသည်။

ကြည်မြင့်တိုင်မြို့နယ် ပန်ပင်းကြီးလမ်းသပိတ်ကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်၍ အကြမ်းဖက်ဖြိုခွင်းသည့် ဖြစ်ရပ်အား ဒုရဲမှူးကြီး​ဇော်ဝင်းကို က “လူ စိတ်မရှိ သူတွေ တိရိစ္ဆာန်ထက် ဆိုးတဲ့သူတွေ” ဟု Facebook လူမှုကွန်ရက်တွင် မှတ်ချက်ရေးသည်ဆိုကာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ပုဒ်မ ၅၀၅ (က)အပြင် ရဲစည်းကမထိန်းသိမ်းရေးဥပဒေဖြင့်ပါ အရေးယူခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒုတိယရဲမှူးကြီးဇော်ဝင်းကိုနှင့်အတူ ပုသိမ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုးကြီးမြင့်အောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ဒုတိယရဲမှုးကြီးမြင့်အောင်၏ သတင်းကိုမူ မကြားသိရသေးပေ။

နိုင်ငံအား အုပ်ချုပ်၍ မရသည့်အကြမ်းဖက်စစ်ကောင်စီသည် ရဲတပ်ဖွဲ့အား ပုံရိပ်ပျက်အောင် ဖျက်ဆီးနေပြီး ရဲတပ်ဖွဲ့ဝင်များကိုလည်း နည်းမျိုးစုံဖိနှိပ်နေသည်ဟု CDM ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

မူလကတည်းကပင် ဖွဲ့စည်းပုံအင်အားမပြည့်သည့်ရဲတပ်ဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် တပ်သားသစ်စုဆောင်း၍ မရခြင်း၊ CDM ပြုလုပ်သွားသည့်ရဲတပ်ဖွဲ့ဝင်၆၀၀၀ ​ကျော်ရှိလာခြင်း၊ စစ်ကောင်စီနှင့် အတူ တိုက်ခိုက်ခံရပြီးသေဆုံးသူများပြားခြင်း စသည်တို့ကြောင့် အင်အားချိနဲ့နေပြီဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကဝန်ခံသည်။ ရဲတပ်ဖွဲ့ အင်အားချိနဲ့လာချိန်တွင် ရထားရဲတပ်ဖွဲ့အပါအဝင် ဌာန ၆ ခုထက်မနည်းကို ဖျက်သိမ်းရန် စစ်ကောင်စီကစီစဥ်နေ၍ ကာယကံရှင်ရဲတပ်ဖွဲ့ဝင်များ စိတ်ပျက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။

သတင်း

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

သတင်း

မုံရွာမြို့ လူထုသပိတ်ဦး​ဆောင်​ကော်မတီခေါင်း​ဆောင်ကို​ဝေမိုးနိုင်ကို ၂၂၀၂၁ ဧပြီ ၁၅ရက်ကလည်း ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့်ဝင်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။