Connect with us

Hi, what are you looking for?

News

ကော့ကရိတ်အာရှလမ်း၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် တစ်နေ့လုံးပစ်ခတ်

“အာရှလမ်းမှာ မနက် ၇နာရီခွဲက KNUနဲ့ စစ်ကောင်စီနဲ့ ထိပ်တိုက်ပွဲတွေဖြစ်သွားတယ်။ အဲဒါ ၉၇ တပ်က အလုံးကြီးတွေနဲ့ ဒီဘက်ဒေသတဝိုက်ကို မကြာခဏ ပစ်နေတယ်။ တစ်နေကုန်ပဲ ညနေပိုင်းအထိ ထွက်သေးတယ်” ဟု ၎င်းက ဆိုသည်။

▪️KNUက တံတားတစ်စင်းဖောက်ခွဲဖျက်ဆီးဟု ဒေသခံပြော၊ ကော့ကရိတ်တောင်ပိုင်းကို လေယာဉ်ဖြင့် ကင်းထောက်နေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကော့နွယ်အုပ်စုတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများ တစ်နေ့လုံးပစ်ခတ်ခဲ့ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

“အာရှလမ်းမှာ မနက် ၇နာရီခွဲက KNUနဲ့ စစ်ကောင်စီနဲ့ ထိပ်တိုက်ပွဲတွေဖြစ်သွားတယ်။ အဲဒါ ၉၇ တပ်က အလုံးကြီးတွေနဲ့ ဒီဘက်ဒေသတဝိုက်ကို မကြာခဏ ပစ်နေတယ်။ တစ်နေကုန်ပဲ ညနေပိုင်းအထိ ထွက်သေးတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါဒေသရှိ ရေတံခွန် တံတားဟု အမည်ရှိသည့် တံတားတစ်စင်း ဖောက်ခွဲလိုက်သည်ဟု ကြားရကြောင်း အသေးစိတ်အခြေအနေများ မသိရသေးကြောင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“တံတားက ကျွန်တော်တို့ ကြားတာကတော့ ဖောက်ခွဲလိုက်တယ်လို့ပဲကြားတယ်။ ခရီးသွားပြည်သူတွေကလည်း အားလုံးက မသွားလာရဲကြဘူးလေ။ တစ်ဖက်က စစ်ကောင်စီတွေ တိုးလာတဲ့အပေါ်မှာ သတိပေးတဲ့အနေနဲ့ ဒူးပလာယာခရိုင်တို့ ကော့ကရိတ်မြို့နယ် တစ်ခုလုံးက ထုတ်ပြန်ထားတဲ့ စာအတိုင်း သတိပေးမှု လုပ်လာတာပေါ့”ဟု ၎င်းက ဆိုသည်။

KNU ဒူးပလာယာခရိုင်က မတ်လ ၇ရက် ရက်စွဲဖြင့် စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား စာပို့ခဲ့ရာတွင် သုံးရက်အတွင်း(မတ်လ ၉ရက်နောက်ဆုံး) လေးကေ့ကော်နှင့် ကော့ကရိတ်ဒေသရှိ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာပေးရန် နှင့် မလိုက်နာပါက ဖြစ်လာသည့် ပြဿနာများသည် KNU၏ တာဝန်မဟုတ်ကြောင်း ဖော်ပြထားသည်။

“စာအရ စစ်ရေးက တင်းမာလာနိုင်တဲ့ အနေအထားတစ်ခုရှိတယ်။ ကျွန်တော်တို့ ဒေသခံလူထုတွေကလည်း စစ်ရေးတင်းမာမှုတွေအပေါ်မှာရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုနဲ့အားလုံးက သတိနဲ့ပေါ့။ဘာမှတော့ မတက်နိုင်ပါဘူး အားလုံးက သတိနဲ့ပဲ။ အခုအချိန်က အလုံးကြီး အလုံးငယ်ထက် လေယာဉ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပေါ့”ဟု ကော့ကရိတ်ဒေသခံက ပြော သည်။

စစ်ကောင်စီတပ်အနေဖြင့် မတ်လ ၁၀ရက်က ကော့ကရိတ်တောင်ပိုင်းကို လေယာဉ်ဖြင့် ကင်းထောက်သည့် ပုံစံ ဝဲပျံနေကြောင်း ၊ အခြားဒေသများ၌ လေကြောင်းမှ အရပ်သားများကို စစ်ကောင်စီတပ်က တိုက်ခိုက်နေမှုများ တွေ့ရ၍ ကော့ကရိတ်ဒေသခံများအနေဖြင့်လည်း လေကြောင်းမှ တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်