Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ် သတ်ဖြတ်မီးရှို့ခဲ့သည့် ကလေးနှစ်ဦးနှင့်ဒေသခံများအပါအဝင် ၁၁ဦး၏ ရုပ်အလောင်းများ​တွေ့

မတ်လ ၈ရက်တွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ယင်းမာပင်နယ် စည်လှောင်၊ လက်ပံတော၊ ကန်သာ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ရာ လက်ပံတောရွာတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ်နှစ်ဦးနှင့် ဒေသခံများသေဆုံးခဲ့ရာ စစ်ကောင်စီတပ် မီးရှို့ထားခဲ့သည့် ရုပ်အလောင်း ၁၀လောင်းနှင့် မီးမရှို့ရသေးသည့် အဘွားအိုတစ်ဦး ရုပ်အ​လောင်းတို့အား တွေ့ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

မတ်လ ၈ရက်တွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ယင်းမာပင်နယ် စည်လှောင်၊ လက်ပံတော၊ ကန်သာ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ရာ လက်ပံတောရွာတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ သေဆုံးခဲ့သည်။

“အမေကြီးတစ်ဦးရဲ့အလောင်းကိုတော့ အဲဒီနားမှာပဲ သင်္ဂြိုလ်ပေးခဲ့တယ်။ ကျန်တဲ့အလောင်းတွေက မီးစွဲလျက်ပေါ့။ အဲဒီမှာ အရိုးစုပဲ ရှိတာပေါ့။ အဲဒီအထဲမှာ ကလေးနှစ်ယောက်ပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲ့ သားနှစ်ယောက်ရယ် အမျိုးသမီးရယ် ယောက္ခမရယ်က သံကုတင်လေးပေါ်မှာ မီးရှို့ထားတာ။ ကျန်တဲ့ခြောက်ယောက်က မြေပြင်ပေါ်မှာဗျ”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ဒေသခံများ၏ နေအိမ်များကို လည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အကုန်ရှို့သွားတာ။ ဒီထဲမှာ ရိက္ခာ၊ ဆက်စပ်ပစ္စည်း၊ဆေးဝါး၊ ဆန် လူထုကို အကုန်ကို နေစရာ စားစရာမရှိအောင် ဒုက္ခရောက်အောင်လုပ်တာ ငါ-ိုးမခွေးသားတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာနှင့် သပြေးအေးရွာကို ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဒေသခံ ပြည်သူ ၁၁ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း၊ ဆိုင်ကယ်၊ ကားများနှင့် နေအိမ်များစွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်နယ်ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။