Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ် သတ်ဖြတ်မီးရှို့ခဲ့သည့် ကလေးနှစ်ဦးနှင့်ဒေသခံများအပါအဝင် ၁၁ဦး၏ ရုပ်အလောင်းများ​တွေ့

မတ်လ ၈ရက်တွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ယင်းမာပင်နယ် စည်လှောင်၊ လက်ပံတော၊ ကန်သာ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ရာ လက်ပံတောရွာတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ်နှစ်ဦးနှင့် ဒေသခံများသေဆုံးခဲ့ရာ စစ်ကောင်စီတပ် မီးရှို့ထားခဲ့သည့် ရုပ်အလောင်း ၁၀လောင်းနှင့် မီးမရှို့ရသေးသည့် အဘွားအိုတစ်ဦး ရုပ်အ​လောင်းတို့အား တွေ့ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

မတ်လ ၈ရက်တွင် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ယင်းမာပင်နယ် စည်လှောင်၊ လက်ပံတော၊ ကန်သာ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ရာ လက်ပံတောရွာတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ သေဆုံးခဲ့သည်။

“အမေကြီးတစ်ဦးရဲ့အလောင်းကိုတော့ အဲဒီနားမှာပဲ သင်္ဂြိုလ်ပေးခဲ့တယ်။ ကျန်တဲ့အလောင်းတွေက မီးစွဲလျက်ပေါ့။ အဲဒီမှာ အရိုးစုပဲ ရှိတာပေါ့။ အဲဒီအထဲမှာ ကလေးနှစ်ယောက်ပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲ့ သားနှစ်ယောက်ရယ် အမျိုးသမီးရယ် ယောက္ခမရယ်က သံကုတင်လေးပေါ်မှာ မီးရှို့ထားတာ။ ကျန်တဲ့ခြောက်ယောက်က မြေပြင်ပေါ်မှာဗျ”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ဒေသခံများ၏ နေအိမ်များကို လည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အကုန်ရှို့သွားတာ။ ဒီထဲမှာ ရိက္ခာ၊ ဆက်စပ်ပစ္စည်း၊ဆေးဝါး၊ ဆန် လူထုကို အကုန်ကို နေစရာ စားစရာမရှိအောင် ဒုက္ခရောက်အောင်လုပ်တာ ငါ-ိုးမခွေးသားတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာနှင့် သပြေးအေးရွာကို ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဒေသခံ ပြည်သူ ၁၁ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း၊ ဆိုင်ကယ်၊ ကားများနှင့် နေအိမ်များစွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်နယ်ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။