အင်းစိန်ထောင်မှာ မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD အစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၁၂ နှစ်ချလိုက်ပါတယ်။
သူရဦးအောင်ကို ကို အဂတိပုဒ်မ ၅၅ နဲ့အမှုလေးမှု တရားစွဲဆိုတာဖြစ်ပြီး တစ်မှုကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်တာလို့သိရပါတယ်။
အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူရဦးအောင်ကို ဟာ စစ်အာဏာသိမ်းတဲ့မနက်အစောပိုင်းကတည်းက ဖမ်းခံထားရတာပါ။
အဲဒီနောက်အင်းစိန်ထောင်ကို ပို့ပြီး အဂတိပုဒ်မတွေနဲ့စစ်ကောင်စီက တရားစွဲဆိုတာဖြစ်ပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာချိန်မှာ သူရဦးအောင်ကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလာသူလည်းဖြစ်ပါတယ်။
အဲဒီနောက် NLD အစိုးရ လက်ထက်မှာတော့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ပေးအပ်တာခံရသူဖြစ်ပါတယ်။
သူရဦးအောင်ကိုဟာ စစ်တပ်နဲ့ နီးစပ်တဲ့ မဘသ ကို ဖျက်သိမ်းရာမှာအခရာကျသူဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကိုလည်းလိုလားသူဖြစ်ပါတယ်။
