Connect with us

Hi, what are you looking for?

News

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ထောင်ဒဏ် ၁၂ နှစ်ချ

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူရဦးအောင်ကို ဟာ စစ်အာဏာသိမ်းတဲ့မနက်အစောပိုင်းကတည်းက ဖမ်းခံထားရတာပါ။

အင်းစိန်ထောင်မှာ မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD အစိုးရ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၁၂ နှစ်ချလိုက်ပါတယ်။

သူရဦးအောင်ကို ကို အဂတိပုဒ်မ ၅၅ နဲ့အမှုလေးမှု တရားစွဲဆိုတာဖြစ်ပြီး တစ်မှုကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်တာလို့သိရပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူရဦးအောင်ကို ဟာ စစ်အာဏာသိမ်းတဲ့မနက်အစောပိုင်းကတည်းက ဖမ်းခံထားရတာပါ။

အဲဒီနောက်အင်းစိန်ထောင်ကို ပို့ပြီး အဂတိပုဒ်မတွေနဲ့စစ်ကောင်စီက တရားစွဲဆိုတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာချိန်မှာ သူရဦးအောင်ကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလာသူလည်းဖြစ်ပါတယ်။

အဲဒီနောက် NLD အစိုးရ လက်ထက်မှာတော့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ပေးအပ်တာခံရသူဖြစ်ပါတယ်။

သူရဦးအောင်ကိုဟာ စစ်တပ်နဲ့ နီးစပ်တဲ့ မဘသ ကို ဖျက်သိမ်းရာမှာအခရာကျသူဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကိုလည်းလိုလားသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။

သတင်း

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။