Connect with us

Hi, what are you looking for?

News

က​လေးနယ်က နတ်​ချောင်းရွာကို စစ်​ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီး

“စစ်ခွေးတွေက လက်နက်ကြီးအရင်ပစ်ဝင်လာတာ။ အိမ်တွေမီးရှို့နေတာ မီးခိုးတွေလှမ်းမြင်နေရတယ်။ ရွာထဲမှာ တပ်စွဲမယ်ကြားနေလို့ ကျွန်တော်တို့ ပြန်မဝင်ရဲတော့ဘူး”ဟု နတ်ချောင်းရွာဒေသခံတစ်ဦးက ပြောသည်။

(နတ်​ချောင်းရွာ ​ဒေသခံများ ထွက်​ပြေးတိမ်း​ရှောင်​နေစဥ်)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေ၍ ပထမအကြိမ်မီးရှို့ခံရစဥ်က အိမ်အချို့လည်း ပျက်စီးသွားပြီး ဒေသခံများ ထွက်ပြေးနေရသည်ဟု ကလေးမြို့ခံများကပြောသည်။

နတ်ချောင်းကျေးရွာကို ယနေ့ နံနက် ၄ နာရီခန့်ကစတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် မိုးစင်စင်လင်းချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ခြင်းဟု ဒေသခံများက ပြောသည်။

“စစ်ခွေးတွေက လက်နက်ကြီးအရင်ပစ်ဝင်လာတာ။ အိမ်တွေမီးရှို့နေတာ မီးခိုးတွေလှမ်းမြင်နေရတယ်။ ရွာထဲမှာ တပ်စွဲမယ်ကြားနေလို့ ကျွန်တော်တို့ ပြန်မဝင်ရဲတော့ဘူး”ဟု နတ်ချောင်းရွာဒေသခံတစ်ဦးက ပြောသည်။

နတ်ချောင်းရွာသည် အိမ်ခြေအိမ်​ခြေ နှစ်ထောင်နီးပါးရှိသည့်ကျေးရွာ​ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ဒီဇင်ဘာတွင် ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေသခံများသည် ယင်းအချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့က ရွာပြန်၍ ဝါး၊ဓနိတို့ဖြင့် အိမ်ဆောက်နေထိုင်ကြသည်။

ယခုတစ်ကြိမ် ထပ်မံမီးရှို့ရာ စစ်ဘေးရှောင်များဆောက်ထားသည် အိမ်လေးလုံးလည်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ညနေတွင် စစ်ကောင်စီတပ်များ ရွာအတွင်း ဆက် လက်မွှေနှောက်နေဆဲဟု ဆိုသည်။

နတ်ချောင်းရွာနှင့် တစ်ဆက်တည်းရှိနေသော နတ်မြောင်းကျေးရွာကိုလည်း စစ်ကောင်စီက မတ်လ ၈ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ဘေးရှောင် ငါးဦးဒဏ်ရာရခဲ့ပြီး ရွာအပြင်ဖက်မှ ဗုံးခိုကျင်းတွင်ပုန်းနေသည့်အရပ်သားတစ်ဦးကိုပါ သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook