Connect with us

Hi, what are you looking for?

News

တောင်သာနယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့်PDFပစ်ခတ်မှုဖြစ် စစ်​​ကောင်စီတပ် ၂ ဦး​သေဟု​ပြော

ယမန်နေ့(မတ်လ ၁၅ ရက်နေ့)နေ့လယ်ပိုင်းကတောင်သာမြို့နယ်၊ဆီမီးကန်ကျေးရွာအနီး၊ မြင်းခြံ – တောင်သာ – ကျောက်ပန်းတောင်းလမ်းပေါ်တွင် အကြမ်းဖတ်စစ်ကောင်စီလက်အောက်ခံ စစ်သားရဲသားများနှင့် PDF(တောင်သာ) ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(အခင်းဖြစ်ပွားခဲ့သည့် မြင်းခြံ-တောင်သာ-ကျောက်ပန်းတောင်းလမ်းပိုင်းတစ်နေရာ ။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကာကွယ်ဆေးထိုးရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF အဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(မတ်လ ၁၅ ရက်နေ့)နေ့လယ်ပိုင်းကတောင်သာမြို့နယ်၊ဆီမီးကန်ကျေးရွာအနီး၊ မြင်းခြံ – တောင်သာ – ကျောက်ပန်းတောင်းလမ်းပေါ်တွင် အကြမ်းဖတ်စစ်ကောင်စီလက်အောက်ခံ စစ်သားရဲသားများနှင့် PDF(တောင်သာ) ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တခြားမစ်ရှင်တခုကိုသွားလုပ်တာ။ မအောင်မြင်လို့ပြန်လာတဲ့အချိန်လမ်းမှာကာကွယ်ဆေးထိုးဖို့လာတဲ့လုံခြုံရေးတွေ့နဲ့ထိပ်တိုက်တွေ့တာပါ။ ဆိုင်ကယ်နဲ့လာတာဒီဘက်ကအရင်ဆီးပစ်တာ။ လမ်းမှာကပ်အရှောင်သူတို့ဘက်ကမသင်္ကာလို့ ပြန်အလှည့်မှာစဖြစ်တာ။ သူတို့ဘက်ကနှစ်ကောင်လမ်းပေါ်မှာကားသွားတယ်။ ကျုပ်တို့ဘက်ကသေနတ်ကျည်ဂျန့်ဖြစ်သွားလို့။ သူတို့ဒီထက်သေရမှာ။ ရဲဘော်တွေကတော့ ထိခိုက်မိတာမရှိဘူး။ အောင်မြင်စွာဆုတ်ခွာနိုင်ပါတယ်။”ဟု တောင်သာ T.T.A ပြောက်ကျားတပ်မှ တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သားများက ရဲယူနီ​ဖောင်ဝတ် ဆင်ထားခြင်းဖြစ်ပြီးရှစ်ဦးအဖွဲ့နှင့်ထိပ်တိုက်​တွေ့ခဲ့ခြင်းဖြစ်​ကြောင်းအထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါပစ်ခတ်မှုတွင်ရဲယူနီ​ဖောင်းဝတ်နှစ်ဦးဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံအချို့က ပြောသည်။

“ကျုပ်တို့အနေနဲ့လည်းတတ်နိုင်သလောက် ကြိုးစားပြီးတွန်းလှန်နေပါတယ်။ပြည်သူလုထုအနေနဲ့လည်း၀ိုင်း၀န်းကူညီပံ့ပိုးပေးကြပါဦးလို့ အကူညီတောင်းချင်ပါတယ်။ နူတ်ခမ်းနီစျေးတွေတတ်တော့နူတ်ခမ်းနီဖိုးတွေလိုအပ်နေပါတယ်။”ဟု T.T.A ပြောက်ကျားတပ်တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တောင်သာမြို့နယ်အတွင်း နေရာအချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ၆ဦးထက်မနည်းသတ်ဖြတ်ပြီး လမ်းဘေးတွင်စွန့်ပစ်သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ