Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့နယ် ဆောင်ကန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မတ်လ ၁၆ရက် နံနက် ၈နာရီမှစ၍ ဖယ်ခုံမြို့နယ်ဆောင်ကန်းရွာသို့စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဖယ်ခုံ PDFက ယနေ့မွန်းလွဲ၃နာရီခွဲတွင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - ဖယ်ခုံ PDF

ရှမ်း – ကယားပြည်နယ် နယ်စပ် ဖယ်ခုံမြို့နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်း ပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက် ထိခိုက်မှုရှိနေကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – ဖယ်ခုံ PDF

မတ်လ ၁၆ရက် နံနက် ၈နာရီမှစ၍ ဖယ်ခုံမြို့နယ်ဆောင်ကန်းရွာသို့စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဖယ်ခုံ PDFက ယနေ့မွန်းလွဲ၃နာရီခွဲတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၆ရက်မှစ၍ ဖယ်ခုံမြို့နယ် မိုးဗြဲဒေသသို့ထိုးစစ်ဆင်ခဲ့ရာ ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းခုခံတိုက်ခိုက်ခဲ့သည်။ ဖေဖော်ဝါရီလလယ်မှ လက်ရှိအချိန်ထိ မိုးဗြဲ၊ ဖယ်ခုံ၊ဒီးမော့ဆို ဒေသများ၌ တစ်လအတွင်း တိုက်ပွဲများနေ့စဉ်လိုလိုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – ဖယ်ခုံ PDF

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီးပိုမိုအထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ထို့ပြင် လက်နက်ကြီးများအလွန်အကျွံပစ်ခတ်ခြင်း၊ တင့်ကားများ၊အတွဲလိုက်ပစ်ရော့ကဒ်ဒုံးများ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။