Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်၌ ယခုလဝက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၅၀ကျော်သေဟု KNU တပ်မဟာ(၅) အသိ​ပေး

စစ်ကောင်စီတပ်က ပြည်သူလူထုများ နေထိုင်ရာနေရာများသို့လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူလူထု ၁၅ဦးသေဆုံးခဲ့ပြီး ​လေးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၌ ယခုလဝက်အတွင်း တိုက်ပွဲ ၁၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၅၄ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်သုံးယာဉ် ၁၂စီး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ပြီးစစ်မြင်းလား ၂ကောင်ကို သတ်နိုင်ခဲ့သည်ဟု ဆိုသည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ တပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

စစ်ကောင်စီတပ်က ပြည်သူလူထုများ နေထိုင်ရာနေရာများသို့လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူလူထု ၁၅ဦးသေဆုံးခဲ့ပြီး ​လေးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်၌ ယခုလဝက်အတွင်း တိုက်ပွဲများ၌ မတ်လ ၁၁ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦး အရှင်ဖမ်းမိခဲ့သည်ဟု KNU တပ်မဟာ (၅)က ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၂၉လက် သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။