Connect with us

Hi, what are you looking for?

News

မင်းကင်းတိုက်ပွဲ စစ်ကောင်စီနှင့် ပျူစောထီး ၅ဦးသေ၊ PDF ပူးပေါင်းတပ်မှ ၁ဦးကျဆုံး

အဆိုပါထိတွေ့မှုအပြီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့် ပျူစောထီးများ ပြန်လည်ဆုတ်ခွာရာ၌ မင်းကင်းမြို့နယ်၊ စသာရွာမှ ကာကွယ်ရေးအဖွဲ့ဝင်များ တိုက်ပွဲဖြစ်စဉ်တွင်ပါဝင်သည်ဟု ယူဆပြီးရွာအနီးတဲများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကနီ PDFက ထုတ်ပြန်သည်။

(KPDF-2 မှတပ်ဖွဲ့ ဝင်များ အထူးမွန်းမံစစ်သင်တန်း ​တွင်​လေ့ကျင့်​နေကြစဥ်။ ဓါတ်ပုံ-KPDF-2)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကူလဲရွာ အနီးတဝိုက်တွင် ယမန်နေ့က ​လေးနာရီကြာတိုက်ပွဲဖြစ်ပွားရာအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့မှ ၅ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း အဖွဲ့မှ ၁ဦးကျဆုံးခဲ့ကြောင်း ကနီ PDF တပ်ဖွဲ့ ( ၂ )ကထုတ်
ပြန်သည်။

မတ်လ ၁၅ရက် တွင် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီ/ပျူစောထီး ပူးပေါင်းအဖွဲ့ကို ကနီ PDFတပ်ဖွဲ့ (၂) တပ်ရင်း (၂ ) ၊ ကနီပကဖ၊ မင်းကင်း PDF၊ မင်းကင်းပကဖ၊ တောင်တွင်း ပကဖ ၊ ဒီးပဲရင်း တပ်ရင်း(၃) စသည့် တော်လှန်ရေး တပ်များက ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု KPDF-2 ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“မင်းကင်းဘက်ကတော်လှန်ရေးအင်အားစုတွေက စခတွေတော်လှန်ရတာအပြင် များပြားတဲ့ပျူစောထီးအုပ်စုတွေကိုပါ ရင်ဆိုင်ရတော့ ကနီနယ်ထက်စာရင် သူတို့ကပိုအန္တာရယ်ကြီးတယ်ဗျ။ ဒါကြောင့် မဟာမိတ်အနေနဲ့ပူးပေါင်းတိုက်ကြတာပါ”ဟုကနီPDF တပ်ဖွဲ့ ( ၂) ၊တပ်ရင်း (၂) မှပြန်ကြား​ရေးတာဝန်ရှိသူက​ပြောသည်။

တိုက်ပွဲသည် နံနက် ၇နာရီမှ စတင်ပြီး၁၁ နာရီအထိ့ ၄နာရီကြာမြင့်ခဲ့ရာ ပျူစောထီး (၁) ဦးအပါအဝင် စစ်​ကောင်စီနှင့် ပျူစောထီးအုပ်စုမှ (၅) ဦးခန့်သေဆုံးခဲ့သည်။ ကနီPDF တပ်ဖွဲ့ (၂ )တပ်ရင်း (၂) မှ ရဲဘော် ၁ ဦးကျဆုံးပြီး ​တောင်တွင်း ပကဖမှ ၁ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါထိတွေ့မှုအပြီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့် ပျူစောထီးများ ပြန်လည်ဆုတ်ခွာရာ၌ မင်းကင်းမြို့နယ်၊ စသာရွာမှ ကာကွယ်ရေးအဖွဲ့ဝင်များ တိုက်ပွဲဖြစ်စဉ်တွင်ပါဝင်သည်ဟု ယူဆပြီးရွာအနီးတဲများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကနီ PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။