Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတွင် PDF လက်ဖြောင့်တပ်သားများတိုက်ခိုက် ၍ အရာရှိအပါအဝင် စစ်ကောင်စီတပ်မှ ​ခြောက်ဦး​သေ

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါတပ်ဖွဲ့နှင့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) စနိုက်ပါ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုးခူးရီး ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦးသေဆုံးခဲ့သည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါတပ်ဖွဲ့နှင့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) စနိုက်ပါ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ စနိုက်ပါ ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် အရာရှိတစ်ဦး ပါဝင်ပြီး ၎င်းသေဆုံးပြီး မကြာမီတွင် အလောင်းကို ရဟတ်ယာဉ်ဖြင့် လာရောက် သယ်ဆောင်သွားသည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့သည် ကရင်နီ ဒေသတိုက်ပွဲများ၌ အခြားသော တော်လှန်ရေးတပ်များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။