Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ထု – ပခုက္ကူလမ်းပိုင်းတွင် စစ်​ကောင်စီတပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်ရာ ရှစ်ဦးထက်မနည်း​သေဟု PDF​ပြော

“ဗိုလ်ထွန်းတောက်၊ဗိုလ်ချစ်မွှေးနဲ့ ဗိုလ်ဥာဏ်တို့ဟာ အခု စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်နိုင်အောင် မိုင်းစဥ်ရင် မတော်တဆကျဆုံးခဲ့ကြရတာပါ။သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုကနေ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

မ​ကွေးတိုင်း ကျောက်ထု-ပခုက္ကူလမ်းပိုင်း၌ အကြမ်း ဖက်စစ်ကောင်စီတပ်၏ ရိက္ခာယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားနှစ်စီးထိခိုက်ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်း သေဆုံးကြောင်း ကျောက်ထု PDFက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၇ ရက်)နေ့လယ်က ပခုက္ကူဘက်မှတက်လာသော ရိက္ခာယာဥ်တန်း၏ ရှေ့ပြေးကားသုံးစီးကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ထု PDF တာဝန်ရှိသူက ​ပြောသည်။

“မင်းတပ်၊ မတူပီဘက်ကို တက်မှာ။စစ်ကား က အစီးရေ ၈၀ လောက်ပါတယ်။လက်နက်၊ရိက္ခာနဲ့ လူအပါအဝင် တော်တော်များတယ်။စစ်ခွေးတွေ သေတယ်ဆိုတာ ကျွန်တော်တို့ သေချာအတည် ပြုနိုင်ခဲ့တယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ် ရိက္ခာယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ် မတ်လ ၁၆ရက်က တိုင်းပြည်အတွက်အသက်ပေးလှူသွားခဲ့သော ရဲဘော် သုံးဦးအတွက် သွေကြွေးဆပ်နိုင်ခဲ့သည်ဟု ကျောက်ထု PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဗိုလ်ထွန်းတောက်၊ဗိုလ်ချစ်မွှေးနဲ့ ဗိုလ်ဥာဏ်တို့ဟာ အခု စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်နိုင်အောင် မိုင်းစဥ်ရင် မတော်တဆကျဆုံးခဲ့ကြရတာပါ။သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုကနေ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

စစ်ရေးတင်းမာနေသည့်အတွက် ကျောက်ထု – ပခုက္ကူ နှင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းများကို မတ်လ ၁၆ ရက်ကစ၍ ပြည်သူများအသုံးမပြုရန် ကျောက်ထု PDF က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။