Connect with us

Hi, what are you looking for?

News

ကျောက်ထု – ပခုက္ကူလမ်းပိုင်းတွင် စစ်​ကောင်စီတပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်ရာ ရှစ်ဦးထက်မနည်း​သေဟု PDF​ပြော

“ဗိုလ်ထွန်းတောက်၊ဗိုလ်ချစ်မွှေးနဲ့ ဗိုလ်ဥာဏ်တို့ဟာ အခု စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်နိုင်အောင် မိုင်းစဥ်ရင် မတော်တဆကျဆုံးခဲ့ကြရတာပါ။သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုကနေ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

မ​ကွေးတိုင်း ကျောက်ထု-ပခုက္ကူလမ်းပိုင်း၌ အကြမ်း ဖက်စစ်ကောင်စီတပ်၏ ရိက္ခာယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားနှစ်စီးထိခိုက်ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်း သေဆုံးကြောင်း ကျောက်ထု PDFက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၇ ရက်)နေ့လယ်က ပခုက္ကူဘက်မှတက်လာသော ရိက္ခာယာဥ်တန်း၏ ရှေ့ပြေးကားသုံးစီးကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ထု PDF တာဝန်ရှိသူက ​ပြောသည်။

“မင်းတပ်၊ မတူပီဘက်ကို တက်မှာ။စစ်ကား က အစီးရေ ၈၀ လောက်ပါတယ်။လက်နက်၊ရိက္ခာနဲ့ လူအပါအဝင် တော်တော်များတယ်။စစ်ခွေးတွေ သေတယ်ဆိုတာ ကျွန်တော်တို့ သေချာအတည် ပြုနိုင်ခဲ့တယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ် ရိက္ခာယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ် မတ်လ ၁၆ရက်က တိုင်းပြည်အတွက်အသက်ပေးလှူသွားခဲ့သော ရဲဘော် သုံးဦးအတွက် သွေကြွေးဆပ်နိုင်ခဲ့သည်ဟု ကျောက်ထု PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဗိုလ်ထွန်းတောက်၊ဗိုလ်ချစ်မွှေးနဲ့ ဗိုလ်ဥာဏ်တို့ဟာ အခု စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်နိုင်အောင် မိုင်းစဥ်ရင် မတော်တဆကျဆုံးခဲ့ကြရတာပါ။သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုကနေ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

စစ်ရေးတင်းမာနေသည့်အတွက် ကျောက်ထု – ပခုက္ကူ နှင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းများကို မတ်လ ၁၆ ရက်ကစ၍ ပြည်သူများအသုံးမပြုရန် ကျောက်ထု PDF က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။