Connect with us

Hi, what are you looking for?

News

ဝက်လက်နယ်က တောင်ကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ အိမ်ခြေ ၈၀ကျော် မီးလောင်ပြာကျ

လက်ရှိတွင် အပူရှိန်ပြင်းသည့် အညာဒေသဖြစ်သည့် အလျောက် သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် ဒေသခံများ ယာယီတဲများ၊ဆေးဝါးများနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

စစ်ကိုင်တိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊တောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၈၀ ကျော် မီးလောင်ပြာကျခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပေးပို့သည်။

ယမန်နေ့(မတ်လ ၁၇)ညတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့ရာတစ်ရွာလုံးနီးပါး ပြာကျခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ကျွဲ၊နွား၊ဝက်များကိုလည်း ချည်တိုင်တွင် ချည်လျက် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပေးပို့သည်။

Public Service Announcement

လက်ရှိတွင် အပူရှိန်ပြင်းသည့် အညာဒေသဖြစ်သည့် အလျောက် သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် ဒေသခံများ ယာယီတဲများ၊ဆေးဝါးများနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း အပါအဝင် ဒေသအသီးသီး၌ ပြည်သူလူထုပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ အကြမ်းဖက် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုများ၏ နေအိမ် ၇,၀၀၀ ကျော်ကို စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များက မီးရှို့ ဖျက်ဆီးခဲသည်ဟု Data far Myanmar က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook