Connect with us

Hi, what are you looking for?

News

မုံရွာမြို့ အနှံ့ ဗုံးများ​ပေါက်ကွဲ

Unity Force Monywaနှင့်Brother Defense Forceအဖွဲ့သည်ယနေ့နံနက် ၁၁နာရီ ၁၀မိနစ်ဝန်းကျင်ကလည်း မုံရွာမြို့အတွင်း အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် အ.ထ.က(၄) သလ္လာစာသင်ကျောင်းတွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများအား ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

(မုံရွာမြို့ကို ​ဝေဟင်မှ မြင်​တွေ့ရ​သောမြင်ကွင်း)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ Mytel ရုံးအပါအဝင် စစ်ကောင်စီတပ်စွဲထားသောနေရာအများအပြား ဖောက်ခွဲကာသတိပေးခဲ့ကြောင်းမုံရွာအခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့ (မတ်လ ၁၈ ရက်) ညနေ ၃နာရီခွဲအချိန်က မုံရွာမြို့ ဆည်မြောင်းရုံး၊ရန်ကင်း မီးပွိုင့် နှင့် Mytel ရုံးတို့အား လက်ပစ်မိုင်းများဖြင့် တချိန်တည်း ပစ်ပေါက်ဖောက်ခွဲခဲ့ကြောင်း၊ ရဲဘော်များဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဖြင့်Unity Force Monywa နှင့်Brother Defense Force တိုက်ခိုက်ရေးအဖွဲ့မှ အသိပေးသည်။

အလားတူ ယနေ့တွင်ပင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်တို့တွင် ၂ လုံး၊ မိုးကောင်းဘုရား၊ ဒေါနခြံရပ်၊ အာဇာနည်လမ်း၊ ကံ့ကော်လမ်းဆုံ၊ ပြည်ထောင်စုလမ်း ကားလေးကွင်းအနီး ယာဥ်ထိန်းရုံး၊ အေးရိပ်သာလမ်းဆုံ၊ ဗိုလ်တေဇလမ်းတို့တွင် ၁ လုံးစီ သတိပေးဖောက်ခွဲခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုမသိရသေးကြောင်း ပူးပေါင်းဆောင်ရွက်ခဲ့သည့် Monywa Night King,Monywa Nija,Peacock Generatin Force,God Of Snake မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်​ကောင်စီက ပြုလုပ်​ပေးသည့်စာမေးပွဲဖြေနေသော သူများအား သတိပေးဖောက်ခွဲခြင်းဖြစ်ပြီး နောက်ရက်များ၌ သတိပေးတော့မည်မဟုတ်ကြောင်းနှင့်မိဘပြည်သူများအနေဖြင့် စစ်​ကောင်စီတပ်စစ်ဆေးရေးနေရာများအား ရှောင်ကွင်းသွားရန် သတိပေးကြောင်း Monywa Night Kingအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Unity Force Monywaနှင့်Brother Defense Forceအဖွဲ့သည်ယနေ့နံနက် ၁၁နာရီ ၁၀မိနစ်ဝန်းကျင်ကလည်း မုံရွာမြို့အတွင်း အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် အ.ထ.က(၄) သလ္လာစာသင်ကျောင်းတွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများအား ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။