Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရမ်းမြို့မရဲစခန်းနှင့် နေရာသုံးနေရာ တိုက် ခိုက်ခံရပြီးနောက် မြို့အဝင်အထွက်ကို ပြန် လည်တင်းကြပ်

စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးကို အသက်သွင်းသည့်အနေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပါသူများကို မြို့အဝင်အထွက် ဖြတ်သန်းခွင့်ပြုထားပြီး ဆိုင်ကယ်တစ်စီးလျှင် တစ်ယောက်သာစီးခွင့်ပြုကြောင်း ခရမ်းဒေသ ခံများက ပြောသည်။

●ပိတ်ဆို့ထားပါက ပြင်းထန်စွာတိုက်ခိုက်မည်ဟု ခရမ်း PDF သတိပေးထား

ခရမ်းမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များတပ်စွဲထားသည့်နေရာသုံးနေရာ တိုက်ခိုက်ခံရပြီးနောက် မြို့ဝင်ထွက်ပေါက်များကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်လိုက်သည်။

စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးကို အသက်သွင်းသည့်အနေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပါသူများကို မြို့အဝင်အထွက် ဖြတ်သန်းခွင့်ပြုထားပြီး ဆိုင်ကယ်တစ်စီးလျှင် တစ်ယောက်သာစီးခွင့်ပြုကြောင်း ခရမ်းဒေသ ခံများက ပြောသည်။

“မနက်ပိုင်းကတော့ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်စီးပြီးသွားလို့ ရသေးတယ်။ ဒီနေ့နေ့ လယ်ပိုင်းကစပြီး ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် နှစ်ယောက်စီးခွင့်မပေးတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မတ် ၁၈)ညနေ ၅ နာရီနှင့် ၆ နာရီကြားအချိန်များတွင် ခရမ်းမြို့မရဲစခန်းအတွင်းသို့ ၄၀ မမ ဗုံးသီးနှစ်လုံး၊ မြို့နယ်လျှပ်စစ်ရုံးသို့ ဗုံးသီးတစ်လုံးနှင့် ခရမ်းမြို့အဝင် သစ်တောဂိတ်တွင် ဗုံးသီးတစ်လုံးဖြင့် ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခြင်းမှာ ခရမ်းမြို့ကို အကြမ်း ဖက်စစ်တပ်က ပိတ်ဆို့ပြီး ပြည်သူများကို အနိုင်ကျင့်စစ်ဆေး၍ ဓားပြများသဖွယ် တောင်းရမ်းပြုမှုနေသည့်အပြင် လျှပ်စစ်မီးများ ပုံမှန်မရဖြစ်ကာ ပြည်သူလူထုအား အထွေ ထွေအကြပ်အတည်းဖြစ်အောင် လုပ်ဆောင်နေခြင်းကြောင့်ဟု ခရမ်း PDF က အသိပေးထား သည်။

ထို့ကြောင့် မြို့အဝင်အထွက်များကို ဆက် လက်ပိတ်ဆို့ထားမည်ဆိုပါက ယခုထက်ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ပြီး အကျိုးဆက်များသည် စစ်ကောင်စီတပ်၏တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။