Connect with us

Hi, what are you looking for?

News

ခရမ်းမြို့မရဲစခန်းနှင့် နေရာသုံးနေရာ တိုက် ခိုက်ခံရပြီးနောက် မြို့အဝင်အထွက်ကို ပြန် လည်တင်းကြပ်

စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးကို အသက်သွင်းသည့်အနေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပါသူများကို မြို့အဝင်အထွက် ဖြတ်သန်းခွင့်ပြုထားပြီး ဆိုင်ကယ်တစ်စီးလျှင် တစ်ယောက်သာစီးခွင့်ပြုကြောင်း ခရမ်းဒေသ ခံများက ပြောသည်။

●ပိတ်ဆို့ထားပါက ပြင်းထန်စွာတိုက်ခိုက်မည်ဟု ခရမ်း PDF သတိပေးထား

ခရမ်းမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်များတပ်စွဲထားသည့်နေရာသုံးနေရာ တိုက်ခိုက်ခံရပြီးနောက် မြို့ဝင်ထွက်ပေါက်များကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်လိုက်သည်။

စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးကို အသက်သွင်းသည့်အနေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပါသူများကို မြို့အဝင်အထွက် ဖြတ်သန်းခွင့်ပြုထားပြီး ဆိုင်ကယ်တစ်စီးလျှင် တစ်ယောက်သာစီးခွင့်ပြုကြောင်း ခရမ်းဒေသ ခံများက ပြောသည်။

“မနက်ပိုင်းကတော့ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်စီးပြီးသွားလို့ ရသေးတယ်။ ဒီနေ့နေ့ လယ်ပိုင်းကစပြီး ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် နှစ်ယောက်စီးခွင့်မပေးတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မတ် ၁၈)ညနေ ၅ နာရီနှင့် ၆ နာရီကြားအချိန်များတွင် ခရမ်းမြို့မရဲစခန်းအတွင်းသို့ ၄၀ မမ ဗုံးသီးနှစ်လုံး၊ မြို့နယ်လျှပ်စစ်ရုံးသို့ ဗုံးသီးတစ်လုံးနှင့် ခရမ်းမြို့အဝင် သစ်တောဂိတ်တွင် ဗုံးသီးတစ်လုံးဖြင့် ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခြင်းမှာ ခရမ်းမြို့ကို အကြမ်း ဖက်စစ်တပ်က ပိတ်ဆို့ပြီး ပြည်သူများကို အနိုင်ကျင့်စစ်ဆေး၍ ဓားပြများသဖွယ် တောင်းရမ်းပြုမှုနေသည့်အပြင် လျှပ်စစ်မီးများ ပုံမှန်မရဖြစ်ကာ ပြည်သူလူထုအား အထွေ ထွေအကြပ်အတည်းဖြစ်အောင် လုပ်ဆောင်နေခြင်းကြောင့်ဟု ခရမ်း PDF က အသိပေးထား သည်။

ထို့ကြောင့် မြို့အဝင်အထွက်များကို ဆက် လက်ပိတ်ဆို့ထားမည်ဆိုပါက ယခုထက်ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ပြီး အကျိုးဆက်များသည် စစ်ကောင်စီတပ်၏တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။