မုန်တိုင်းငယ်ဟာ ဒီနေ့ နေ့လယ်ပိုင်း ကစတင်ပြီး ဧရာဝတီတိုင်းကို ဟိုင်းကြီးကျွန်းအနီးကနေ ဖြတ်သန်းဝင်ရောက်နေပြီလို့သိရပါတယ်။



မုန်တိုင်းငယ်ဖြတ်ကျော်ချိန်မှာ ဧရာဝတီတိုင်း ၊ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင် တို့မှာ မုန်တိုင်းဒီရေဟာ ၈ ပေကနေ ၁၀ ပေခန့်အထိမြင့်တက်နိုင်တယ်လို့ NUG ရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။







ဒီနေ့မွန်းလွဲပိုင်း ၁နာရီမှာတော့ လပွတ္တာမြို့မှာ လေတိုက်ပြီး မိုးရွာနေကာ မြစ်ရေလည်းတက်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ − Heart Laputta

Public Service Announcement
