Connect with us

Hi, what are you looking for?

News

မဇ္ဈိမ သတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို စစ်ကောင်စီထောင် ၂ နှစ်ချ

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတိုက်တွေကိုလိုင်စင်ပိတ်သိမ်းတာ ၊ ဝင်ရောက်စီးနင်းရှာဖွေတာ ၊ ဖမ်းဆီးထောင်ချတာတွေကိုဆက်တိုက်ပြုလုပ်ခဲ့တာပါ။

ဓာတ်ပုံ − မဇ္ဈိမ မီဒီယာ

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လပိုင်းအကြာမှာတင် ဖမ်းဆီးခံလိုက်ရတဲ့ မဇ္ဈိမ သတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်ကို စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ချလိုက်ပါတယ်။

မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ကိုသန်းထိုက်အောင်ကို ထောင်ချ လိုက်တာဖြစ်ပြီး ချုပ်ရက်ခံစားခွင့်ပေးတယ်လို့ ကိုသန်းထိုက်အောင်နဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

ကိုသန်းထိုက်အောင်ကိုနေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးကနေ မတ်လ ၉ ရက်က စွဲချက်တင်ခဲ့တာဖြစ်ပြီး ကိုသန်းထိုက်အောင်က သူ့မှာအပြစ်မရှိကြောင်း စွဲချက်တင်စဉ်က ထုချေခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတစ်လကျော်အကြာ ၂၀၂၁ ခုနှစ် မတ်လအတွင်းက နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ ရုံးချိန်ကို သွားရောက်သတင်းယူချိန် ကိုသန်းထိုက်အောင်ဟာ BBC မြန်မာပိုင်းသတင်းထောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ဖမ်းဆီးပြီးရက်ပိုင်းအကြာမှာတင် ဘီဘီစီသတင်းထောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးမယ့် ကိုသန်းထိုက်အောင်ကိုတော့ ဆက်လက်ဖမ်းဆီးကာ တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ မနေ့ကလည်း ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကို ထောင်ဒဏ် ၂ နှစ်ချခဲ့ပါသေးတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတိုက်တွေကိုလိုင်စင်ပိတ်သိမ်းတာ ၊ ဝင်ရောက်စီးနင်းရှာဖွေတာ ၊ ဖမ်းဆီးထောင်ချတာတွေကိုဆက်တိုက်ပြုလုပ်ခဲ့တာပါ။

စာရင်းတွေအရ သတင်းမီဒီယာသမား ၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး အချို့ ပြန်လွှတ်လာကာ ၄၀ နီးပါး အကျဉ်ထောင်တွေထဲမှာ ရှိနေဆဲပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

Facebook