Connect with us

Hi, what are you looking for?

News

ကြာအင်းဆိပ်ကြီး၌ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ​လေးဦးသေ၊ ဒုတပ်ရင်းမှူးအပါအဝင် သုံးဦးဒဏ်ရာရဟု KNU ထုတ်ပြန်

KNU ဒူးပလာယာခရိုင် နယ်မြေ လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်ဒေသတို့၌လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင်နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

မတ်လ ၂၄ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် ရွှေဒိုးရွာ သင်္ချိုင်းကုန်း အနီး၌ KNLA တပ်ရင်း(၁၇) နှင့် စစ်ကောင်စီတပ်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မတ်လ ၂၃ရက်ကလည်း မော်လမြိုင်မှ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KNLA တပ်ရင်း(၁၇)က တိုက်ခိုက်ခဲ့ရာ သံပုရာကျေးရွာအပြင်ဘက်၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း ၊ ယင်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

KNU ဒူးပလာယာခရိုင် နယ်မြေ လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်ဒေသတို့၌လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။