Connect with us

Hi, what are you looking for?

News

ကွယ်လွန်သူ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းက မြန်မာ့ဒီမိုကရေစီအရေး အားပေးခဲ့

အမေရိကန်၏ ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး မက်ဒလင်းအောဘရိုက် ကွယ်လွန်သွားသည့်အတွက် ပူဆွေးသောကရောက်ရပြီး မိသားစုနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရသည်ဟု သံရုံးက ဆိုသည်။

ယမန်နေ့က ကွယ်လွန်ခဲ့သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်သည် ၁၉၉၅ က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကာ မြန်မာ့ဒီမိုကရေစီအရေးဆွေးနွေးခဲ့ကြောင်း အမေရိကန်သံရုံးက အသိ​ပေးထုတ်ပြန်သည်။

အမေရိကန်၏ ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး မက်ဒလင်းအောဘရိုက် ကွယ်လွန်သွားသည့်အတွက် ပူဆွေးသောကရောက်ရပြီး မိသားစုနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရသည်ဟု သံရုံးက ဆိုသည်။

“မက်ဒလင်း အောဘရိုက်သည် ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၏ အခြေခံတိုးတက်မှုများပေါ်ထွန်းလာရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေးတို့အတွက် အားပေးခဲ့ပါသည်”ဟု သံရုံးက ထုတ်ပြန်သည်။

(၈၄)နှစ်အရွယ် မက်ဒလင်းအောဘရိုက်သည် ကင်ဆာရောဂါကြောင့် ဆုံးပါးခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏မိသားစုက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ဟာ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်သလို အမေရိကန်က ဆက်ဆံရေး တည်ဆောက်ဖို့ အရေးအကြီးဆုံး လိုအပ်တဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံကို စော်ကားတဲ့ အသုံးအနှုန်းနဲ့ ရည်ညွှန်းခဲ့တဲ့အတွက် အပြောအဆို သတိထား ဆင်ခြင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို မြောက်ကိုရီးယားက တုံ့ပြန်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်၏ စီမံခန့်ခွဲမှုလွဲမှားခြင်းများကို ပြည်သူများ၏ နေ့စဥ်ဘဝတွင် တွေ့ကြုံနေကြရကြောင်း ဗြိတိန်သံရုံးအကြီးအကဲပြော

သတင်း

၂၀၀၈ ခုနှစ်တွင် ဆလိုင်းမာန်ဒရေလျန်သည် မြန်မာနိုင်ငံအနောက်ပိုင်းရှိ သတင်းထောက်များ၊ မီဒီယာအဖွဲ့အစည်းများကို သင်တန်ပေးခြင်းနှင့် ထောက်ပံ့မှုပေးရန် ချင်းမီဒီယာကွန်ရက်ကို တည်ထောင်ခဲ့သည်။