Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပေးအပ်ချီးမြှင့်သည့် လူ့အခွင့်အရေးကာကွယ်သူဆု ချင်းတိုင်းရင်းသားတစ်ဦး ရရှိ

၂၀၀၈ ခုနှစ်တွင် ဆလိုင်းမာန်ဒရေလျန်သည် မြန်မာနိုင်ငံအနောက်ပိုင်းရှိ သတင်းထောက်များ၊ မီဒီယာအဖွဲ့အစည်းများကို သင်တန်ပေးခြင်းနှင့် ထောက်ပံ့မှုပေးရန် ချင်းမီဒီယာကွန်ရက်ကို တည်ထောင်ခဲ့သည်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဒရေလျန်ကို ဂုဏ်ပြုပေးအပ်လွှာချီးမြှင့်နေစဥ်၊ ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးကာကွယ်သူရရှိသူများ။ ဓာတ်ပုံ - US State Department)
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဒရေလျန်ကို ဂုဏ်ပြုပေးအပ်လွှာချီးမြှင့်နေစဥ်၊ ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးကာကွယ်သူရရှိသူများ။ ဓာတ်ပုံ - US State Department)

ထားအိ/People’s Spring

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်သည့် လူ့အခွင့်အရေးကာကွယ်သူဆုကို ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဒရေလျန်(Salai Mang Hre Lian)ရရှိခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု(Human Rights Defender Award)ကို ၈ ဆုပေးအပ်ချီးမြှင့်ရာ ဆလိုင်းမာန်ဒရေလျန်လည်း ရရှိခဲ့ခြင်းဖြစ်သည်။ ယမန်နေ့(ဒီဇင်ဘာ ၁၀ရက်)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ဝန်ကြီးဘလင်ကန်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အခမ်းအနားတစ်ရပ်ကျင်းပကာ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဒရေလျန်ကို ဂုဏ်ပြုပေးအပ်လွှာချီးမြှင့်နေစဥ်၊ ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးကာကွယ်သူရရှိသူများ။ ဓာတ်ပုံ - US State Department)
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဒရေလျန်ကို ဂုဏ်ပြုပေးအပ်လွှာချီးမြှင့်နေစဥ်၊ ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးကာကွယ်သူရရှိသူများ။ ဓာတ်ပုံ – US State Department)

ချင်းတိုင်းရင်းသားလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဆလိုင်းမာန်ဒရေလျန်သည် ကူဝိတ်၊ ဘိုလီဗီးယား၊ ကာဂျစ်စတန်၊ အက်စ်ဝါတီနီ၊ ဂါနာ၊ ကိုလံဘီယာ၊ အဇာဘိုင်ဂျန်တို့မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ LGBTQI+ တက်ကြွလှုပ်ရှားသူ၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးမြှင့်တင်သူ စသည့် တက်ကြွလှုပ်ရှားသူများနှင့်အတူ မြန်မာကိုယ်စားပြုအဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့မှာ အများကြီးစိန်ခေါ်မှုတွေ challenges ကြုံနေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဒီစိန်ခေါ်မှု ကြုံပါစေ၊ ကျွန်တော်တို့ဟာ ထားခဲ့လို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒုက္ခခံနေတဲ့သူတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေကို ကျွန်တော်တို့က အကြွေးတင်တယ်။ သူတို့အတွက် တရားမျှတမှု၊ သူတို့အတွက် နောက်နောင်မှာ ဥပဒေလမ်းကြောင်းအရ တရားမျှတမှုရရှိနိုင်ဖို့အတွက် သူတို့အကြောင်းတွေကို ကျွန်တော်တို့က ကိုယ်စားဖော်ထုတ်ပေးဖို့ လိုတာပေါ့နော်။ ဆိုတော့ ဒီဆုချီးမြှင့်ခြင်းက အဲဒီအရာတွေကို ပိုပြီးခွန်အားဖြစ်စေတယ်။ ကျွန်တော်တို့ ကိုယ်တိုင်သော်လည်းကောင်း၊ ချင်းလူ့အခွင့်အရေးအဖွဲ့ကိုသော်လည်းကောင်း ပိုပြီးတော့ ခွန်အားဖြစ်စေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်၊ ဒီမိုကရေစီရရှိရေးအတွက်၊ လူ့အခွင့်အရေးထွန်းကားမှုအတွက် ကျွန်တော်တို့က ရပ်တန့်လို့မရဘူး”ဟု ဆလိုင်းမာန်ဒရေလျန်က VOA သတင်းဌာနသို့ ပြောသည်။

ဆလိုင်းမာန်ဒရေလျန်သည် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်များ၊ လူငယ်နိုင်ငံရေးပါဝင်မှုများ မြှင့်တင်ရန် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထို့အပြင် ၎င်းသည် ချင်းလူ့အခွင့်အရေးအဖွဲ့(Chin Human Rights Organization)နှင့်အတူ စီမံကိန်းများကို စီမံကိန်းမန်နေဂျာတစ်ဦးအနေဖြင့် ဦးဆောင်ခဲ့ကြောင်း ဖော်ပြသည်။

၂၀၀၈ ခုနှစ်တွင် ဆလိုင်းမာန်ဒရေလျန်သည် မြန်မာနိုင်ငံအနောက်ပိုင်းရှိ သတင်းထောက်များ၊ မီဒီယာအဖွဲ့အစည်းများကို သင်တန်ပေးခြင်းနှင့် ထောက်ပံ့မှုပေးရန် ချင်းမီဒီယာကွန်ရက်ကို တည်ထောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်၏ စီမံခန့်ခွဲမှုလွဲမှားခြင်းများကို ပြည်သူများ၏ နေ့စဥ်ဘဝတွင် တွေ့ကြုံနေကြရကြောင်း ဗြိတိန်သံရုံးအကြီးအကဲပြော

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဘာကြောင့် ထောက်မပြခဲ့သလဲလို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် တစ်ဦးက ထိုင်းဝန်ကြီးချုပ်ကို မေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်း အပါအဝင် အရေးပါတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေကို ဆွေးနွေးဖို့အတွက် အခုသီတင်းပတ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးကို အမေရိကန် အစိုးရ ကိုယ်စားပြုအဖြစ် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ်လို့ သိရပါတယ်။

သတင်း

အာရက္ခတပ်တော် (AA)က နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်​တွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသလို မြို့နယ်ပေါင်း ၁၀ ခုလောက်ကိုသိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။