Connect with us

Hi, what are you looking for?

News

ဖရူဆိုမြို့နယ်တွင် KNDFနှင့်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေ

စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံတပ်ရင်း၏ အင်အား ၃၀ မှ ၅၀ကြားရှိ အဖွဲ့က မတ်လ ၂၄ ရက်တွင် ဖရူဆိုမြို့နယ်သို့ ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မတော်(KA)နှင့်အတူ KNDF တပ်ပေါင်းစုမှ ခုခံတိုက်ခိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရ

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ် ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ် ရေးရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံတပ်ရင်း၏ အင်အား ၃၀ မှ ၅၀ကြားရှိ အဖွဲ့က မတ်လ ၂၄ ရက်တွင် ဖရူဆိုမြို့နယ်သို့ ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မတော်(KA)နှင့်အတူ KNDF တပ်ပေါင်းစုမှ ခုခံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

“ဖရူဆိုက တပ်အထိုင်တွေဆီ သူတို့ ရိက္ခာလမ်းကြောင်း ပေါက်အောင် လမ်းလာရှင်းတာ။ငွေ တောင်ရွာသစ်မှာ မနေ့က နေ့လယ်၂ နာရီ လောက်က တိုက်ပွဲစတယ်။ ညနေ ၅နာရီခွဲ လောက်မှာ ပြီးတယ်။သူတို့ ဘက်က အကျများခဲ့တယ်။ကျွန်တော်တို့ဘက်က ရဲဘော် တစ်ဦးကျတယ်။တစ်ဦးက မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင် စီတပ်များဖြစ်သော ခမရ(၅၃၁) ၊ ခမရ(၄၂၈) နှင့် အမှတ်(၁၄)လေ့ကျင့်ရေး တပ်တို့တွင် ရိက္ခာနည်းလာသည်ကို ကြားသိထားကြောင်းလည်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလဝက်ကစ၍ ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်နေပြီး နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားနေသည်။

နှစ်ဖက်ကျဆုံးမှုများရှိနေပြီး စစ်ကောင်စီတပ်မှ တပ်ရင်းလိုက် သေဆုံးမှုများ ရှိသကဲ့သို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ယခုလအတွင်း ၁၀ ဦး ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။