Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုမြို့နယ်တွင် KNDFနှင့်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေ

စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံတပ်ရင်း၏ အင်အား ၃၀ မှ ၅၀ကြားရှိ အဖွဲ့က မတ်လ ၂၄ ရက်တွင် ဖရူဆိုမြို့နယ်သို့ ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မတော်(KA)နှင့်အတူ KNDF တပ်ပေါင်းစုမှ ခုခံတိုက်ခိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရ

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ် ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ် ရေးရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံတပ်ရင်း၏ အင်အား ၃၀ မှ ၅၀ကြားရှိ အဖွဲ့က မတ်လ ၂၄ ရက်တွင် ဖရူဆိုမြို့နယ်သို့ ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မတော်(KA)နှင့်အတူ KNDF တပ်ပေါင်းစုမှ ခုခံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

“ဖရူဆိုက တပ်အထိုင်တွေဆီ သူတို့ ရိက္ခာလမ်းကြောင်း ပေါက်အောင် လမ်းလာရှင်းတာ။ငွေ တောင်ရွာသစ်မှာ မနေ့က နေ့လယ်၂ နာရီ လောက်က တိုက်ပွဲစတယ်။ ညနေ ၅နာရီခွဲ လောက်မှာ ပြီးတယ်။သူတို့ ဘက်က အကျများခဲ့တယ်။ကျွန်တော်တို့ဘက်က ရဲဘော် တစ်ဦးကျတယ်။တစ်ဦးက မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင် စီတပ်များဖြစ်သော ခမရ(၅၃၁) ၊ ခမရ(၄၂၈) နှင့် အမှတ်(၁၄)လေ့ကျင့်ရေး တပ်တို့တွင် ရိက္ခာနည်းလာသည်ကို ကြားသိထားကြောင်းလည်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလဝက်ကစ၍ ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်နေပြီး နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားနေသည်။

နှစ်ဖက်ကျဆုံးမှုများရှိနေပြီး စစ်ကောင်စီတပ်မှ တပ်ရင်းလိုက် သေဆုံးမှုများ ရှိသကဲ့သို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ယခုလအတွင်း ၁၀ ဦး ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။