အကြမ်းဖက်စစ်ကောင်စီက မြေနီကုန်းခုံးကျော်တံတားနံရံပန်းချီကို ဖျက်ဆီးခဲ့သဖြင့် ပိုမိုကြီးမားသော နံရံပန်းချီကို ဆွစ်ဇာလန်နိုင်ငံ၌ မြန်မာအမျိုးသမီးပန်းချီပညာရှင်တစ်ဦးက ရေးဆွဲဖန်တီးခဲ့သည်။
အာဏာရှင်အလိုမရှိသင်္ကေတ ‘လက်သုံးချောင်းထောင်’ ပါဝင်သော ပန်းချီဖန်တီးမှုကို ဆွစ်ဇာလန်၊ ဇူးရစ်မြို့ရှိ အိမ်နံရံတစ်ခု၌ ပန်းချီဆရာမ ခြူးဝေငြိမ်းက ရေးဆွဲခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်အတွက် နံရံပန်းချီ။ သူတို့က နံရံပန်းချီတွေ ဖျက်ပစ်တယ်၊ ကိုယ်ကလဲ ပိုကြီးတဲ့တခု ထပ်ဆွဲလိုက်တယ်”ဟု အထက်ပါ ပန်းချီဆရာမက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။
နံရံပန်းချီကို 52x 62 ပေ အကျယ်ရှိ နံရံအပြည့်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Public Service Announcement

မြေနီကုန်းခုံးကျော်တံတားပေါ်ရှိ ပန်းချီကို ပြင်သစ်သံရုံး၏ ‘မင်္ဂလာယဉ်ကျေးမှုပွဲတော်’ အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ၂၀၁၆ တွင် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက မကြာသေးမီက ဖျက်ဆီးခဲ့သည်။
ယင်းသို့ အကြမ်းဖက်စစ်ကောင်စီက တမင်တကာဖျက်ဆီးခဲ့မှုကို ပြင်သစ်သံရုံးက ရှုတ်ချကြောင်းထုတ်ပြန်ခဲ့သည်။


















































